Author Archives: Hlaing ChoOo

  • အလှူငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့ (၄) မိုင်၌ မြေပြိုပျက်စီးသွားသော ဇိနကူတ္တတောရကမ္မဌာန်းကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်အား (၁၃-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source:      ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံအဆောက်အဦများဆောက်လုပ်ရန် အလှူငွေများလာရောက်ပေးအပ်မှုသတင်း

    ၁၃-၇-၂၀၁၇၊ နေပြည်တော် ဘင်္ဂလားဒေ့နိုင်ငံမှ ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံအဆောက်အဦများဆောက်လုပ်ရန် အလှူငွေပေးအပ် လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက အလှူငွေ အမေရိကန်ဒေါ်လာ (၅၃၀,၀၀၀) ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာ မြန်မာနိုင်ငံသည် မုန်တိုင်း၊ မုန်တိုင်းဒီရေနှင့် ရေလွှမ်းမိုးမှုဒဏ်ကို ထိခိုက်ခံစားရသည့်နိုင်ငံဖြစ်သည့်အတွက် မုန်တိုင်းဒဏ်ခံအဆောက်အဦများ၊ အသက်ကယ်ကုန်းများသည် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အဦများဖြစ်ပါကြောင်း၊ ၂၀၀၈ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာမကြီးကျေးရွာအုပ်စု၊ ရွာမကြီးကျေးရွာ၌ (၂-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၆၀,၀၀၀) ကျပ်တို့အား (၁၁-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ ကမ္မမြို့နယ်၊ စမ်းသပြေကျေးရွာ၌ (၈-၇-၂၀၁၇) ရက်နေ့တွင် မိုးကြိုးထိမှန် မီးလောင်ကျွမ်းခဲ့သည့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၁၀-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၌ (၉-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်၊ Family Kit (၁) ထုပ်နှင့် ရေပုံး (၂) ပုံးတို့အား (၁၀-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            မွန်ပြည်နယ်ဦးစီးမှူးရုံး … Read more

  • ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား သောက်ရေသန့်နှင့် အစား အစာများ ထောက်ပံ့ပေးအပ်ခြင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၆-၇-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်တွင် မြဝတီမြို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားပြန်လည်ကြိုဆိုလက်ခံရေးစခန်း (ကျောက်လုံးကြီး) နှင့် မြဝတီမြို့အမှတ်(၉၉၉) နယ်စပ်စခန်း သို့ (၂၉-၆-၂၀၁၇) ရက်နေ့မှ (၆-၇-၂၀၁၇) ရက်နေ့အထိ ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသော တရားမဝင်ရွှေ့ပြောင်း အလုပ်သမား ကျား (၁၆၁၇၉) ဦး မ (၉၉၉၇) ဦး စုစုပေါင်း (၂၆၃၇၆) ဦးအတွက် သောက်ရေသန့်နှင့် အစားအစာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ကရင်ပြည်နယ်ဦးစီးမှူးရုံး … Read more

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ ထိန်ပင်ကျေးရွာ၌ (၅-၇-၂၀၁၇) ရက်နေ့၌ လေဆင်နှာမောင်းဘေးကြောင့် လုံးဝပျက်စီးသွားသော (ဓနိမိုး ဝါးကာ ဝါးခင်း) လူနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀) ကျပ်တို့အား (၅-၇-၂၀၁၇) ရက်နေ့တွင် မင်းပြားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုးမှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေ့ကြရသော အိမ်ထောင်စု (၇၄) စု၊ လူဦးရေ (၃၂၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၇၄) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၆၇၂,၀၀၀) ကျပ်တို့အား မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၌လည်းကောင်း၊ ရေဘေးကြောင့် ပြောင်းရွှေ့သီလရှင် (၂၃) ပါးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂) မျိုး (၂၃) ပါးစာနှင့် ဆန်ရိက္ခာဖိုးငွေ (၄၈,၃၀၀) ကျပ်အားလည်းကောင်း၊ ကပ္ပိယ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် … Read more

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၇-၂၀၁၇) ရက်နေ့တွင် ဟိုပင်မြို့နယ်၊ ပြည်ထောင်စုလမ်းမပေါ်ရှိ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းရှေ့တွင် မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မီးဘေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျေးရွာ (၃) ရွာ၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် အိမ်ထောင်စု (၁၂) စုအား (၄-၇-၂၀၁၇) ရက်နေ့တွင် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ပါသည်။ အဆိုပါ ပြောင်းရွှေ့အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၇) မျိုး (၁၂) အိမ်ထောင်စာနှင့် လူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂၆,၀၀၀) ကျပ်တို့အား (၅-၇-၂၀၁၇) ရက်နေ့တွင် မြို့နယ်ထွေအုပ်ရုံးမှတစ်ဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

Sign Up

Upcoming Events