ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများအား သောက်ရေသန့်နှင့် အစား အစာများ ထောက်ပံ့ပေးအပ်ခြင်း

7 Pic 02 7 Pic 02ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးနှင့် မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၆-၇-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:၀၀) အချိန်တွင် မြဝတီမြို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမားပြန်လည်ကြိုဆိုလက်ခံရေးစခန်း (ကျောက်လုံးကြီး) နှင့် မြဝတီမြို့အမှတ်(၉၉၉) နယ်စပ်စခန်း သို့ (၂၉-၆-၂၀၁၇) ရက်နေ့မှ (၆-၇-၂၀၁၇) ရက်နေ့အထိ ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသော တရားမဝင်ရွှေ့ပြောင်း အလုပ်သမား ကျား (၁၆၁၇၉) ဦး မ (၉၉၉၇) ဦး စုစုပေါင်း (၂၆၃၇၆) ဦးအတွက် သောက်ရေသန့်နှင့် အစားအစာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:            ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events