Author Archives: Hlaing ChoOo
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေးနှင့် ရပ်ရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ်လျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးနှင့် International Organization for Migration (IOM) အဖွဲ့တို့ ပူးပေါင်း၍ ဟားခါးမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေးနှင့် ရပ်ရွာလူထု အခြေပြု သဘာဝဘေးအန္တရာယ်လျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲအား (၂-၈-၂၀၁၇) ရက်နေ့မှ (၃-၈-၂၀၁၇) ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများ UN, NGO, CSO အဖွဲ့အစည်များမှ (၄၅) ဦးပါဝင်တက်ရောက်ခဲ့ပြီး သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေစာအုပ်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၇) ရက်နေ့တွင် နောင်ချိုမြို့နယ်၊ ကုန်းကြီးရွာမကျေးရွာအုပ်စုမှ ပြည်သူလူထု (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာနအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေး ခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ လုက္ခလေးကျေးရွာအုပ်စုမှ ပြည်သူလူထု (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာနအကြောင်း ရှင်းလင်းပြောကြားခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဝေငှပေး ခြင်းခြင်းနှင့် သဘာဝဘေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည ဟင်္သာတမြို့နယ်၊ ခြင်ဘို့ အုပ်စု၊ ကျောက်ရဲနှင့် သဲရိုးကျေးရွာတို့၌ ကမ်းပါးပြိုကျခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၉) စု လူဦးရေ (၆၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၉၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၃၈,၆၀၀) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းအတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်တို့အား (၃-၈-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၇) ရက်နေ့တွင် လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများအား ဦးစီးဌာနလုပ်ဆောင်ချက်များ၊ သဘာဝဘေးစီမံခန့်ခွဲမှုစနစ် သဘောတရားများနှင့် DAN Mobile Application အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်သူ စုစုပေါင်း (၆၇) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးနှင့် IRC တို့ပူးပေါင်း၍ (၂-၈-၂၀၁၇) ရက်နေ့တွင် ဖားဆောင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ (၃) ရက်တာကြာမြင့်မည်ဖြစ်ပါသည်။အဆိုပါ သင်တန်းသို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း (၂၅) ဦး သင်တန်းတက်ရောက်မည်ဖြစ်ပြီး ပြည်နယ်ကယ်ဆယ်ရေးဦးစီးဌာန၊ ပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဘောလခဲခရိုင် မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် IRC တို့မှ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၌ (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈၈,၂၀၀) ကျပ်တို့အားလည်းကောင်း၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု၊ လက်ျားကုန်းရွာ၊ ဘုရားကျွန်းရွာ၌ (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၁၇) ရက်နေ့တွင် တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ရွာသူ/ရွာသားများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ ကျောင်းသား ဦးရေ (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာ၌ (၂၇-၇-၂၀၁၇) ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သည့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေနစ်မြုပ်အိမ်ခြေ (၄၆) လုံး၊ အိမ်ထောင်စု (၄၆) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး(၄၆) စုစာနှင့် လူဦးရေ (၂၃၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၉၉,၈၀၀) ကျပ်တို့အား (၃၀-၇-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၁၇) ရက်နေ့တွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် “လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” အမှတ်စဉ် (၁/၂၀၁၇) ၌ သင်တန်းတက်ရောက်လျက်ရှိသည့် လပွတ္တာမြို့နယ်/ မော်လမြိုင် ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်း (၂၆) ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် သင်ခန်း စာများပို့ချခြင်းနှင့် DAN Mobile Application ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
