ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ သဒ္ဒမ္မကျွန်းကျေးရွာ၌ (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈၈,၂၀၀) ကျပ်တို့အားလည်းကောင်း၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု၊ လက်ျားကုန်းရွာ၊ ဘုရားကျွန်းရွာ၌ (၂၈-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈၆,၁၀၀) ကျပ်တို့အားလည်းကောင်း၊ (၃၁-၇-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)