Author Archives: Hlaing ChoOo

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့နယ်၊ ကျက်တောပြင်ကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:           ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးကာတဲများ ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ၊ နမ္မတီးမြို့၊ လမ်းခွကျေးရွာ၊ နှစ်ခြင်းဘုရားကျောင်းနှင့် စိန့်ပေါလုဘုရားကျောင်း ကယ်ဆယ်ရေးစခန်းတို့တွင် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအတွက် (၁) လုံးလျှင် လူ (၆) ဦးဆံ့ ဆော်ဒီမိုးကာတဲ (၁၃၁) လုံးအား (၁၈-၈-၂၀၁၇ ) ရက်နေ့တွင် မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက စခန်းတာဝန်ခံများထံသို့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:           ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ တောင်ဗွေကျေးရွာ၌ (၁၆-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်း (၁၁၄,၇၀၀) ကျပ်တို့အား (၁၈-၈-၂၀၁၇) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source:   သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား (၁၂၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:           ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရမ်းဗြဲမြို့နယ်၊ ဝက်ကော့ကျေးရွာနှင့် အဝကျေးရွာတို့၌ (၁၆-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ထောင်စု (၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ (၉) အိမ်ထောင်စာနှင့် လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၅,၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၅,၀၀၀) ကျပ်၊ စုစုပေါင်း (၅၈၀,၆၀၀) ကျပ်တို့အား (၁၇-၈-၂၀၁၇) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:           ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရေနားပင်လုံကျေးရွာနှင့် တာဟိုးနားကျေးရွာတို့တွင် (၁၄-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော ရေးဘေးကြောင့် ရေဘေးသင့်အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၁၀၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး (၂၅) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၈,၄၀၀) ကျပ်တို့အား (၁၇-၈-၂၀၁၇) ရက်နေ့တွင် ဆင်ဘိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၅-၂၀၁၇) ရက်နေ့တွင် မိုရာမုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း လုံးဝပျက်စီးနေအိမ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော လူနေအိမ် (၁,၀၄၈) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃၄) ကျောင်းတို့ပျက်စီးခဲ့ရပြီး လုံးဝပျက်စီးနေအိမ်နှင့်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသော လူနေအိမ်များအနက် လူနေအိမ် (၁,၀၂၅) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၃၄) ကျောင်းတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးနှင့် ကျောင်းဆောက်ပစ္စည်းဖိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ထပ်မံ၍ လိုအပ်သော လူနေအိမ် (၂၃) လုံးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၃,၈၈၀,၀၀၀) ကျပ်အား(၁၈-၇-၂၀၁၇) ရက်နေ့တွင် မြောက်ဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း … Read more

  • ကမ်းပြိုဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးခရိုင်၊ ကလေး မြို့နယ်၊ တောင်ဦးကျေးရွာ၌ (၁၅-၈-၂၀၁၇) ရက်နေ့တွင် မြစ်သာမြစ် ကမ်းပါးပြိုကျမှုကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးတို့သည် နေအိမ်အား ကြိုတင်ဖျက်သိမ်းကာ နီးစပ်ရာ ဆွေမျိုးများထံသို့ ရွှေ့ပြောင်းခဲ့ကြပါ သည်။ အဆိုပါ ပြောင်းရွှေ့အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်တို့အား (၁၇-၈-၂၀၁၇) ရက်နေ့တွင် ကလေးမြို့နယ် … Read more

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၈-၂၀၁၇)ရက်နေ့ တွင် သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ချောင်းသုံးခွကျေးရွာအုပ်စုမှ ကျေးရွာသူ/သား (၁၀၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်ပြင်မှုများ၊ ကြိုတင်ကာကွယ်မှုများ၊ ဆောင်ရန်/ရှောင်ရန်များအား ဟောပြောခြင်း၊ လက်ကမ်း စာစောင်များဝေငှပေးခြင်း၊ ဆပ်ပြာမှုန့်ထုပ်များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:   ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၈-၂၀၁၇)ရက်နေ့တွင် သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ ညောင်ပင်သာရွာ၊ ရေကြီးရေလျှံစုဝေးစခန်း (flood shelter ) ၌ ကျေးရွာသူ/သား (၂၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကြိုတင်ပြင်မှုများ၊ ကြိုတင်ကာကွယ်မှုများ၊ ဆောင်ရန်/ရှောင်ရန်များအား ဟော ပြောခြင်း၊လက်ကမ်းစာဆောင်များဝေငှပေးခြင်း၊ ခေါက်ဆွဲထုပ်များပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:   ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events