ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဆင်ဘိုမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရေနားပင်လုံကျေးရွာနှင့် တာဟိုးနားကျေးရွာတို့တွင် (၁၄-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့ သော ရေးဘေးကြောင့် ရေဘေးသင့်အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၁၀၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၈) မျိုး (၂၅) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၁၈,၄၀၀) ကျပ်တို့အား (၁၇-၈-၂၀၁၇) ရက်နေ့တွင် ဆင်ဘိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)