ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရမ်းဗြဲမြို့နယ်၊ ဝက်ကော့ကျေးရွာနှင့် အဝကျေးရွာတို့၌ (၁၆-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ထောင်စု (၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး၊ (၉) အိမ်ထောင်စာနှင့် လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၅,၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၅,၀၀၀) ကျပ်၊ စုစုပေါင်း (၅၈၀,၆၀၀) ကျပ်တို့အား (၁၇-၈-၂၀၁၇) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)