Author Archives: Hlaing ChoOo

  • ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော မြို့နယ်အတွင်း (ARSA) အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့၊ (၃) မိုင် ပရဟိတ ဘုန်းတော်ကြီးကျောင်းစုရပ်သို့ ခိုလှုံရန်ရောက်ရှိလာသည့် မြိုတိုင်းရင်းသားအိမ်ထောင်စု (၃၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃၄) အိမ်ထောင်စုစာအား (၁၂-၉-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၉-၂၀၁၇) ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ပုလုံးတုံးတုံကျေးရွာ အလက(ခွဲ) ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၂၅) ဦးရှိကြောင်း သတင်းရရှိပါသည်။ Source:     ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဒေသခံပြည်သူများ၏လိုအပ်ချက်များကို စနစ်တကျဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဝန်ထမ်းများအားစုဖွဲ့၍ အလှည့်ကျစေလွှတ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိ

    ၁၁-၉-၂၀၁၇ နေပြည်တော် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို စနစ်တကျဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ထမ်းများအားစုဖွဲ့၍ ရခိုင်ပြည်နယ်သို့ အလှည့်ကျစေလွှတ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဝန်ထမ်းများအား (၁၀-၉-၂၀၁၇) ရက်နေ့တွင် စစ်တွေမြို့လေဆိပ်ဧည့်ခန်းမဆောင်၌ တွေ့ဆုံရာတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မောင်တောဒေသမှလူနည်းစု ဒေသခံတိုင်းရင်းသားများဖြစ်သော မြိုလူမျိုး၊ သက်လူမျိုး၊ ဒိုင်းနက်လူမျိုး၊ ခမီလူမျိုး၊ မရမကြီးလူမျိုးနှင့် ဟိန္ဒူဘာသာကိုးကွယ်သူများသည် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် … Read more

  • ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တော မြို့နယ်အတွင်း (ARSA) အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် မောင်တောမြို့ (၄) မိုင်စုရပ်စခန်းသို့ ပြောင်းရွှေ့ခိုလှုံ ရောက်ရှိလာသည့် ရခိုင် ဒိုင်းနက် မြိုတိုင်းရင်းသား အိမ်ထောင်စု (၂၁၁) စုအတွက် ကယ်ဆယ်ရေး (၁၀) မျိုး (၂၁၁) အိမ်ထောင်စုစာအားလည်းကောင်း၊ မောင်တောမြို့၊ မြို့မ ဘုန်းတော်ကြီးကျောင်းစုရပ်သို့ ခိုလှုံရန်ရောက်ရှိ လာသည့် နံသာတောင်ကျေးရွာမှ အိမ်ထောင်စု (၄၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၄၂) စုစာတို့အား (၁၁-၉-၂၀၁၇) … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (ARSA) ဘင်္ဂလီအကြမ်းဖက်ဖြစ်စဉ်ကြောင့် စစ်တွေမြို့ပေါ်ရှိ ဓါတ်ဦးကျောင်းတိုက်သို့ နေရပ်စွန့်ခွာပြီး ယာယီလာရောက်ခိုလှုံကြ သော ဘုန်းတော်ကြီးကျောင်းမှ မူလတန်း ကျောင်းသား/ကျောင်းသူ (၅) ဦးအတွက် တစ်ဦးလျှင် (၁၀,၀၀၀) ကျပ်နှုန်းဖြင့် (၅၀,၀၀၀) ကျပ်နှင့်အလယ်တန်း ကျောင်းသား/ကျောင်းသူ (၇) ဦးအတွက် တစ်ဦးလျှင် (၁၅,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၅,၀၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၅၅,၀၀၀) ကျပ်တို့အား (၁၁-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့နယ်၊ ခမောင်းကျေးရွာအုပ်စု၊ ဒေါ်မြကျေးရွာသို့ ရောက်ရှိခိုလှုံနေသည့် နေရပ်စွန့်ခွာ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၁၉) ဦးတို့အတွက် ဆန် (၁) အိတ် (၉) ပြည် (၂) ဘူး၊ ဆီ (၃) ပိဿာ၊ ပဲ (၃) ပိဿာ၊ ဆား (၁) ပိဿာ (၅၀) သား တို့အား သံတွဲမြို့နယ်၊ ထွေ/အုပ်သို့ (၁၁-၉-၂၀၁၇) … Read more

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဘုန်းကြီးကုန်ကျေးရွာအုပ်စု၊ ရေဝင်လေးကျေးရွာ၌ (၉-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား မြို့နယ် NLD၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့နှင့်အတူ (၁၁-၉-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၁၇) ရက်နေ့တွင် ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာရှိ ကျေးရွားသူ/ကျေးရွာသာ (၁၂၀) ဦးအား သဘာဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာစုရပ်ရှိ အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘေးလွတ်ရာခိုလုံရေးစခန်းမှ အိမ်ထောင်စု (၈၅) စု၊ လူဦးရေ (၂၈၈) ဦးအတွက် ဆန် (၂၁) အိတ်၊ ပဲ (၄၂) ဿာ (၅၀) သား၊  ဆီ (၄၂) ပိဿာ (၅၀) သား၊ ဆား (၂၁) ပိဿာ (၂၅) ကျပ်သားတို့အား နွားရုံတောင်စုရပ်ခေါင်းနှင့် တာဝန်ရှိသူများထံသို့ ဘူးသီးတောင်ဆိပ်ကမ်း စက်လှေပေါ်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၉-၂၀၁၇) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ မြို့နယ် ကြက်ခြေနီရုံးတွင် လူဦးရေ (၂၀၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)  

Sign Up

Upcoming Events