Author Archives: Hlaing ChoOo

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၌ (၁၁-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀) ကျပ်တို့အား (၂၂-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်အတွင်း ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာအုပ်စု၊ ရေလယ်သောင်လေးရွာနှင့် ရေလယ်သောင်ရွာ တို့တွင် (၄-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၁၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈၆,၁၀၀) ကျပ်တို့အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၂-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    (၁၉-၉-၂၀၁၇) ရက်နေ့၌ ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော အထောက် အထားမဲ့ မြန်မာအလုပ်သမား ကျား (၂၇) ဦးအနက် နေရပ်ပြန်ရန် ကားခမပါရှိသူ (၉) ဦးအတွက် ကယ်ဆယ်ရေး  နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ထောက်ပံ့ငွေ (၁၇၇,၀၀၀) ကျပ်တို့အား (၁၉-၉-၂၀၁၇) ရက်နေ့တွင် ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:                 ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    (၂၂-၉-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊ ရညမညဟိုတယ်၌ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် Un-Habitat အဖွဲ့တို့ပူးပေါင်း၍ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်လူမှုရေးဝန်ကြီး၊ ဒေါက်တာထိန်လင်းမှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းပုံအခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် (၂၅) ဦး၊ မော်လမြိုင်/သထုံ ခရိုင်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဝင် (၂) ဦး၊ မွန်ပြည်နယ် DRR working group.အဖွဲ့မှ (၈) ဦး၊ CSO အဖွဲ့များမှ (၁၅) ဦး၊ … Read more

  • အင်ဒိုနီးရှားနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် အစားအသောက်၊ လူသုံးကုန်ပစ္စည်းနှင့်ဆေးဝါးများကူညီ

    ရန်ကုန် စက်တာင်ဘာ ၂၁ အင်ဒိုနီးရှားနိုင်ငံအစိုးရက ရခိုင်ပြည်နယ်အတွင်းရှိ အခက်အခဲကြုံတွေ့နေရသော ဒေသခံပြည်သူ များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် အစားအသောက်၊ လူသုံးကုန် ပစ္စည်းနှင့် ဆေးဝါးများတင်ဆောင်လာသော တပ်မတော်ပစ္စည်းသယ်လေယာဉ်နှစ်စင်းသည်  ယနေ့မွန်းလွဲ ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ အဆိုပါပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီးH.E. Dr Sumardiက လွှွဲပြောင်း ပေးအပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ လက်ခံသည်။ ထိုသို့ကူညီမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံအမတ်ကြီး H.E. Dr … Read more

  • ရေလုပ်သားများအတွက် ထောက်ပံ့ပစ္စည်းများနှင့် ခရီးစရိတ်ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၁၇) ရက်နေ့တွင် ပင်လယ်အတွင်းမုန်တိုင်းမိ၍ (၆) ရက်ခန့် ရေထဲမျောပါပြီး (၂၁-၉-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိလာသော ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာမှ ရေလုပ်သား (၈) ဦးအတွက် တီရှမ် (၈) ထည်၊ လုံချည် (၈) ထည်နှင့် ခရီးစရိတ်ထောက်ပံ့ငွေ (၈၄,၀၀၀) ကျပ်တို့အား (၂၁-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စု ကမ်တော့ကမ်းကျေးရွာ၌ (၁၇-၉-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆,၈၀၀) ကျပ်တို့အား (၂၂-၉-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက် အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၇) ရက်နေ့တွင် UN- HABITAT / actionaid မြန်မာတို့နှင့်ပူးပေါင်း၍ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်စာအုပ်ရေးဆွဲခြင်းအစည်းအဝေးကို ဖျာပုံမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး UN-HABITAT အဖွဲ့မှ လက်ထောက် စီမံချက် အရာရှိတစ်ဦးမှ မြို့နယ်သဘာဝဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ ကြိုတင်အစီအစဉ်ရေးဆွဲခြင်း စာအုပ် ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ ခရိုင်နှင့် … Read more

Sign Up

Upcoming Events