Author Archives: Hlaing ChoOo
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Centre for Humanitarian Dialogue မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr.Adam Cooper က လာရောက်တွေ့ဆုံမှုသတင်း
(၁၄.၁၁.၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Centre for Humanitarian Dialogue မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဖြစ်သူMr. Adam Cooperလာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင်Centre for Humanitarian Dialogue အဖွဲ့၏ နောက်ခံသမိုင်းကြောင်း ရည်ရွယ် ချက်နှင့် လုပ်ငန်းများအားဒေသတွင်း ဆောင်ရွက်နေသော ငြိမ်းချမ်းရေးအထောက်အကူပြုလုပ်ငန်းများ၊ ငြိမ်းချမ်းရေးဆိုင်ရာ အကြံဉာဏ်များပေးသည့်ကိစ္စရပ်များ၊ စွမ်းရည်မြှင့်သင်တန်းများနှင့် ပဋိပက္ခကာကွယ် တားဆီးရေး လုပ်ငန်းများအားရှင်းလင်း တင်ပြပြီးရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်နိုင်ငံလုံးစည်းစည်းလုံးလုံးတိုးမြှင့်ဆောင်ရွက်နေမှုများကြောင့် မိမိတို့အဖွဲ့အစည်းများ အနေ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် မုံရွာမြို့နယ်၊ ထန်းတောရပ်ကွက်၌ (၁၂-၁၁-၂၀၁၇)နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် ခဲ့သော အိမ်ထောင်စု (၂)စု၊ လူဦးရေ (၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁)အိမ်လျှင် (၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၂၁,၀၀၀) ကျပ်တို့အား (၁၄-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
မိုင်းပျဉ်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေဟောပြောပွဲများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် မိုင်းပျဉ်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများ ဆောင်ရွက် ခဲ့ရာ (၀၈:၃၀) အချိန်တွင် အမှတ်(၅၂၈) ခြေမြန်တပ်ရင်းတွင် စစ်သည်ရဲမေ(၁၀၀)ဦးအားလည်းကောင်း၊ (၁၀း၃၀) အချိန်တွင် အမှတ်(၃၆၀)ခြေမြန်တပ်ရင်းတွင် စစ်သည်ရဲမေ (၅၀) ဦးအားလည်းကောင်း၊ (၁၂:၀၀)အချိန်တွင် အမှတ် (၄၃)ခြေလျင်တပ်ရင်းတွင် စစ်သည်ရဲမေ (၇၀) ဦးအားလည်းကောင်း၊ (၁၃:၃၀) အချိန်တွင် အမှတ် (၃၈၉) အမြောက် တပ်ရင်းတွင် စစ်သည်ရဲမေ(၈၀)ဦးအားလည်းကောင်း၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယမ်းကျေးရွာတွင် ပြည်သူလူထု (၇၀) ဦး၊ စုစုပေါင်း … Read more
-
ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သဘာဝဘေးဒဏ်ခံစားရသည့် ဘေးသင့်ပြည်သူများအတွက်သာမက လူတို့ကြောင့်ဖြစ်သော ဘေးအန္တရယ်များနှင့်ပတ်သက်၍လည်း ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်းရှိ တိုက်ပွဲ ရှောင်စခန်း (၆) ခုမှ အိမ်ထောင်စု (၃၉၉) စု၊ လူဦးရေ (၁,၉၄၆) ဦးအတွက် စုစုပေါင်း တန်ဘိုးငွေ (၁၀,၄၉၅,၃၈၀) ရှိ ဆန်ရိက္ခာ ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာများ ကို (၂၇-၁၀-၂၀၁၇) နေ့တွင် ထောက်ပံ့ပေးခဲ့ပါသည်။ အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၁-၂၀၁၇) နေ့၊ (၁၀၀၀) နာရီအချိန်၌ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာရှိ ပြည်သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ် ဗီနိုင်းဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်ဖြစ်သည့် သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲအား (၁၀-၁၁-၂၀၁၇) ရက်နေ့ တွင် ပုသိမ်မြို့ရှိ အထက(ခွဲ) ဘုရားကြီးကုန်း၌ ပြုလုပ်ခဲ့ရာ တိုင်း ဒေသကြီး ပညာရေးမှူရုံးမှ ဆရာမများအပါအဝင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၅၀) ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ညောင်ဇောက်ကျေးရွာ အုပ်စု၊ ကျောမကြားကျေးရွာ၊ မီးလောင်ကျွန်းကျေးရွာအုပ်စု၊ ပေါက်တောကျွန်းကျေးရွာများတွင် (၈-၁၁-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စု လူဦးရေ (၅၂) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၀၉,၂၀၀)၊ စုစုပေါင်းထောက်ပံ့ငွေ (၉၀၉,၂၀၀) ကျပ်တို့အား ရေစကြို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌ … Read more
-
ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်သို့ ရွှေ့ပြောင်းသော အိမ်ထောင်စု (၅၉) စုအတွက် (၇) ပေသွပ် (၃၉၅၃) ချပ်၊ အိမ်ရိုက်သံ (၂၇၇.၃) ပိသာနှင့် သွပ်ရိုက်သံ (၁၈၂.၃၁) ပိသာတို့အား (၁၀-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၉-၁၁-၂၀၁၇) ရက်နေ့တွင် ခမောက်ကြီးမြို့ အထက ကျောင်း၌ ကျောင်းသား/သူ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒ ဆိုင်ရာ ဒုတိယဝန်ကြီး H.E. Mr. Martin BilleHermanအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံ အမတ်ကြီး H.E Mr.Pier Giorgio Aliberti တို့က သီးခြားစီလာရောက်တွေ့ဆုံမှုသတင်း
(၉-၁၁-၂၀၁၇) ရက်နေ့၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဒုတိယဝန်ကြီး H.E. Mr. Martin BilleHerman ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E Mr.Pier Giorgio Aliberti တို့က အဆိုပါဝန်ကြီးရုံးမေခလာခန်းမတွင် ယနေ့မွန်းလွဲပိုင်းတွင် သီးခြားစီ လာရောက် တွေ့ဆုံပါသည်။ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖွံ့ဖြိုးရေးမူဝါဒဆိုင်ရာဒုတိယဝန်ကြီး H.E. Mr. Martin Bille Herman ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံရာတွင် ဒိန်းမတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် ရေးကဏ္ဍတွင် မြန်မာနိုင်ငံသည် … Read more
