လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Centre for Humanitarian Dialogue မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr.Adam Cooper က လာရောက်တွေ့ဆုံမှုသတင်း

(၁၄.၁၁.၂၀၁၇) ရက်နေ့၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Centre for Humanitarian Dialogue မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် ဖြစ်သူMr. Adam Cooperလာရောက်တွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင်Centre for Humanitarian Dialogue အဖွဲ့၏ နောက်ခံသမိုင်းကြောင်း ရည်ရွယ် ချက်နှင့် လုပ်ငန်းများအားဒေသတွင်း ဆောင်ရွက်နေသော ငြိမ်းချမ်းရေးအထောက်အကူပြုလုပ်ငန်းများ၊ ငြိမ်းချမ်းရေးဆိုင်ရာ အကြံဉာဏ်များပေးသည့်ကိစ္စရပ်များ၊ စွမ်းရည်မြှင့်သင်တန်းများနှင့် ပဋိပက္ခကာကွယ် တားဆီးရေး လုပ်ငန်းများအားရှင်းလင်း တင်ပြပြီးရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်နိုင်ငံလုံးစည်းစည်းလုံးလုံးတိုးမြှင့်ဆောင်ရွက်နေမှုများကြောင့် မိမိတို့အဖွဲ့အစည်းများ အနေ ဖြင့် ရှေ့ဆက်ဆောင်ရွက်ရန်တွန်းအားဖြစ်စေပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအား အထောက်အကူဖြစ်စေရန်အကူအညီများပေးလိုကြောင်းဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးမှ ရခိုင် ပြည်နယ်ရှိ ပဋိပက္ခဖြစ်စေသည့် ပင်မအကြောင်းအရင်းအားဖြေရှင်းနိုင်ရန် ကြိုးပမ်းနေမှုများ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်၏အကြံပြုချက်များအားအကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊UEHRDတည်ထောင်ရေးလူသားချင်းစာနာကူညီမှု၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အရှိန် အဟုန်မြှင့်ဆောင်ရွက်နေမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ လူငယ်မူဝါဒအားရေးဆွဲထားပြီး အဆိုပါမူဝါဒအား အကောင်အထည်ဖေါ်မှုအနေဖြင့် စေတနာ့ ဝန်ထမ်းလူငယ်များ၏အကူအညီဖြင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ နိုင်ငံတွင်းပြန်လည်ဝင်ရောက်လိုသူများအား လက်ခံနိုင်ရေးအတွက် မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံသဘောတူညီချက်များနှင့် နိုင်ငံတော်အစိုးရမှပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်း လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများ၊ လူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် ရပ်ရွာတွင်းစကားဝိုင်းများကျင်းပမည့်ကိစ္စများ၊ဒီမိုကရေစီအစိုးသစ်အနေဖြင့် ပွင့်လင်းမြင်သာမှု၊ ယုံကြည်စိတ်ချရမှု၊ တာဝန်ခံတာဝန်ယူမှုများနှင့် ပြည်သူလူထု၏ ကြီးမားသောမျှော်လင့်ချက်များကို ဖြည့့်ဆည်းရာတွငCentre for Humanitarian Dialogue အဖွဲ့အနေဖြင့် ထောက်ပံ့ကူညီနိုင်မည့် နည်းလမ်း များအား အကြံပြုဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events