Author Archives: Hlaing ChoOo

  • ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊  ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည်    ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာတွင် (၂-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ အိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀,၀၀၀) ကျပ်၊  ဆန်ရိက္ခာဖိုး (၂၁,၀၀၀)ကျပ်တို့အား (၉-၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ပါသည်၊၊ Source:        ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၈-၁-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ်၊ ညောင်ဖြူကျေးရွာ (အ.ထ.က) ကျောင်းမှ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၅) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • UEHRD ပြည်ထောင်စုစီမံကိန်းအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား စိစစ်လက်ခံ နေရာချထားရေးကွင်းဆင်းကြည့်ရှု

    ၂-၁-၂၀၁၈ ၊စစ်တွေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရောက်ရှိနေသောလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ဒုတိယဝန်ကြီးဦးစိုးအောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ခွာသွားခဲ့သူများကို စိစစ်လက်ခံပြီး ပြန်လည်နေရာချထားပေးမည့် လျာထားမြေနေရာများဖြစ်သော မြို့မိချောင်း၊ ကျွန်းပေါက်ပြုစု၊ လင်္ဘာဂုံးနားနှင့် ပွင့်ဖြူချောင်းကျေးရွာများကိုကွင်းဆင်းကြည့်ရှုခဲ့ကြပါသည်။ ပြန်လည်ဝင်ရောက်လာသူများ အတွက် မူလနေထိုင်ရာနေရာ(သို့မဟုတ်) အနီးစပ်ဆုံးနေရာများတွင် စနစ်တကျစုစည်း၍ မူလအလုပ်အကိုင် (သို့မဟုတ်) ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများလုပ်ကိုင်နိုင်မည့်အခြေအနေများ ဖန်တီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်ရေးညှိနှိုင်းပေးခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် … Read more

  • ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များမှ IDP စခန်းကိစ္စရပ်များနှင့် လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာညှိနှိုင်း ဆောင်ရွက်ရေးဆွေးနွေး

    ၂-၁-၂၀၁၈ ၊စစ်တွေ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးဆိုင်ရာကော်မတီ၏ ရခိုင် ပြည်နယ်ဆိုင်ရာအကြံပြုချက်များမှ IDP စခန်းကိစ္စရပ်များနှင့် လွတ်လပ်စွာသွားလာခွင့်ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအစည်းအဝေးကို (၁.၁.၂၀၁၈) မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဧည့်ဂေဟာအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေးဆိုင်ရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ပူးတွဲဥက္ကဌရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦညီပုတို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ” ရခိုင်ပြည်နယ်တွင် ၂၀၁၂ခုနှစ် က တည်ရှိခဲ့သော IDP စခန်းများသည် ဘေးဖြစ်စဉ်များကြောင့် ခေတ္တနေထိုင်ရာစခန်းများသာ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁၂-၂၀၁၇) ရက်နေ့တွင် မြဝတီမြို့၊ ဝှေ့ရှမ်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာဖြန့်ဝေ ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၃၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၇) ရက်နေ့ (၁၇:၀၀) နာရီအချိန်တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မန်ခေါက်ကျေးရွာ အုပ်စု၊ အာပြောင်ကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်စစ်ကြောင်းနှင့် လက်နက်အဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ သောကြောင့် အမှတ် (၈) ရပ်ကွက်၊ သန္တိသုခဓမ္မာရုံသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၁) စုမှ ကျား (၂၄) ဦး၊ မ (၂၆) ဦး စုစုပေါင်း (၅၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၁) အိမ်ထောင်စာအား … Read more

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ နောင်ကျန်ကျေးရွာအုပ်စု၊ ကော့မူးသီးကျေးရွာ ဓမ္မာရုံ၌ ကျေးရွာနေပြည်သူလူထု (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာအသိပညာပေး ဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်း၊ ဗလာစာအုပ်များနှင့် ဘောပင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင် ခရိုင်၊ ညောင်းတုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၂၇-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀) ကျပ် စုုစုပေါင်း ထောက်ပံ့ငွေ (၁၀၆,၃၀၀) ကျပ်တို့အား (၂၈-၁၂-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အတူ … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့ကွင်းအုပ်စု၊ အလယ်စုကျေးရွာ၌ (၂၂-၁၂-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၂၆-၁၂-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်ပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည (၂၇-၁၂-၂၀၁၇)ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းအုပ်စု၊ ကုန်ဘွေကျေးရွာ၌ မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကိုပြုလုပ်ခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ကြက်ခြေနီ အဖွဲ့ ဝင်များနှင့် ကုန်ဘွေကျေးရွာမှ ရွာသူရွာသားများ စုစုပေါင်း (၁၀၆) ဦးခန့်ပါဝင်ခဲ့ကြပါသည်။ ထို့နောက် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားခဲ့ပြီး ထမင်းကျွေးမွေးခြင်း၊ ရေသန့်ဗူးဝေငှခြင်း၊ အချိုရေဗူးများ၊ ပေါင်မုန့်များ၊ ခေါက်ဆွဲခြောက်များနှင့် သဘာဝဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခဲ့ပါသည်။ မုန်တိုင်းဒဏ်သင့်ခံရလေ့ရှိသောဒေသ များတွင် ဘေးန္တရာယ်ကျရောက်လာပါက ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရန် အသင့်ဖြစ်မည်ဖြစ်ပြီး ပြည်သူများ၏ အသက်စည်းစိမ်အိုးအိမ်များ ထိခိုက်မှုသက်သာစေမည်ဖြစ်ပါသဖြင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း … Read more

Sign Up

Upcoming Events