Author Archives: Hlaing ChoOo

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၈) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်၊ရွှေနံသာ အ.ထ.က (ခွဲ) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့်အားလည်းကောင်း ဥတ္တရသီရိမြို့နယ် မိုးဆွေကျေးရွာ အ.ထ.က ကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၂၀၀) ဦးခန့်အားလည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်တောမြို့နယ်၊ ဂြင်းချောင်းကျေးရွာအုပ်စု၊ အနောက်ဖရုံကာကျွန်း၊ သစ်ပုတ်ချိုင်အနီးတွင် (၁၅-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စက်လှေနစ်မြုပ်မှုကြောင့် (၅) ဦးသေဆုံးခဲ့ပြီး (၁) ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါ ဒဏ်ရာရလူနာ(၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်အား (၁၇-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး သေဆုံး (၅) ဦးအတွက် ထောက်ပံ့ငွေ (၁,၅၀၀,၀၀၀) ကျပ်အား  Fax ငွေလွှဲဖြင့် ပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်း၊ ပုညမုဒိတာ (ကျန်းမာရေး စောင့်ရှောက်မှုနှင့် သွေးလှူအသင်း) တို့နှင့်ပူးပေါင်း၍     (၁၇-၁-၂၀၁၈) ရက်နေ့ (၀၈း၀၀) နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မကျီးပင်ပုကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၃၀) ဦးတက်ရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ ကျောင်းသူများအား လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ (၁၂း၀၀) အချိန်တွင် မကျီးပင်ပုကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၊ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၈) ရက်နေ့ နံနက် (၀၉း၃၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ ကျိုင်းတုံမြို့နယ်၊ အ.မ.က မူလွန် ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့တွင် မီးသတ်ဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကြက်ခြေနီ၊ ကျန်းမာရေးဦးစီးဌာနများမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ လယ်ဝေးမြို့နယ်၊ သပြေပင် အ.ထ.က (၃) ကျောင်းတွင် ငလျင်ဘေးအသိ ပညာပေးဇာတ်တိုက်လေ့ကျင့်ခန်း အစမ်းလေ့ကျင့်ခြင်းအား ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်တိုင်းဦးစီးမှူးမှ ငလျင်ဘေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ခြင်း၌ ကျောင်းသူ/ ကျောင်းသား (၂၅၀) ဦးခန့်နှင့် ဌာနဆိုင်ရာ ဝန်ထမ်း (၅၀) ဦး စုစုပေါင်း (၃၀၀) ဦး ပူးပေါင်းပါဝင်ဆောင် ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ လန်းဆမ်ကျေးရွာမှ လူဦးရေ (၈၀) ဦး ခန့်နှင့် နေ့လည် (၁၄း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ပါခယ်ကျေးရွာမှ လူဦးရေ (၈၅) ဦးခန့်တို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှ ပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ကဆရ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၁၈) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၏ဦးဆောင်မှုဖြင့် ကလေးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၆၀) မှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေး စာရေး (၆၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များအနက် မြေငလျင်ဘေးနှင့်ပတ်သက်ပြီး အသိပညာများ ဟောပြောဆွေးနွေးခဲ့ပြီး (၁၃း၃၀) အချိန်မှ (၁၄း၀၀) နာရီအချိန်အထိ ရွှေရတုခန်းမတွင် ကလေးမြို့ အ.ထ.က (၁) မှ ကျောင်းသား/ကျောင်းသူ (၂၅၀) ဦးတို့အား သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာများ ဟောပြောပို့ချခဲ့ပြီး  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁-၂၀၁၈) ရက်နေ့တွင် တောင်ကြီးမြို့နယ်၊ ပန်းသခွား(အ.ထ.က) ကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ ပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးအပ်ခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ကုမ္ပဏီကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူ (၇၆) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • စနစ်ကျသောပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှင်းလင်းပြောကြား

    ၁၃-၁-၂၀၁၈၊ စစ်တွေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိနေသော UEHRD ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့နေ့လည်ပိုင်းတွင် စစ်တွေမြို့ရှိဆရာတော်သံဃာတော်များ၊ လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ အစိုးရအဖွဲ့သစ်လက်ထက် တိုင်းရင်းသား ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်နေမှုများ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ခုနှစ်တို့အတွင်း ရခိုင် ပြည်နယ်အတွင်းအကြမ်းဖက်သမားများက တိုက်ခိုက်မှုဖြစ်စဉ်များ၏ နောက်ဆက်တွဲအဖြစ် တဖက်နိုင်ငံသို့ ထွက်ပြေးတိန်းရှောင် သွားသူများနှင့်ပတ်သက်၍ နိုင်ငံတကာ၏အမြင်နှင့် ဖိအားများ၊ အစိုးရ၏တာဝန်တရပ်အဖြစ် ၎င်းတို့အားစနစ်တကျ စိစစ်ပြန်လည် လက်ခံရန် … Read more

Sign Up

Upcoming Events