
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ လန်းဆမ်ကျေးရွာမှ လူဦးရေ (၈၀) ဦး ခန့်နှင့် နေ့လည် (၁၄း၀၀) နာရီအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ပါခယ်ကျေးရွာမှ လူဦးရေ (၈၅) ဦးခန့်တို့အား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှ ပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ကဆရ)