Author Archives: Hlaing ChoOo

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပေါက်တောကျေးရွာအုပ်စု၊ မိုင် (၂၀) ကျေးရွာ၊ ကွင်းအမှတ် (၈) တွင် (၂၄-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် သေဆုံးသူ (၃) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၉၀၀,၀၀၀) ကျပ်အား (၂၆-၁-၂၀၁၈) ရက်နေ့တွင် သေဆုံးသူများ၏ အမွေခံ ဒေါ်ခင်ကြည်ထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဘားအံမြို့နယ်၊ လွန်းညကျေးရွာအုပ်စု၊ လွန်းညကျေးရွာ၌ လူဦးရေ (၁၅၀) ဦးအား ငလျင်ဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးနှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန် အကြောင်း အရာများအား ဆွေးနွေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးအပ်ခြင်းနှင့် ဗီနိုင်း ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • မီဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လွန်းညကျေးရွာအုပ်စု၊ ကမော့ပိုကျေးရွာ၊ အမှတ် (၆) ရပ်ကွက်တွင် (၁၃-၁-၂၀၁၈) ရက်နေ့၊ (၂၀း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးဒုက္ခခံစားခဲ့ရပါသည်။ အဆိုပါ ဘေးသင့်အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂,၁၀၀) ကျပ်၊ စုစုပေါင်း … Read more

  • ရေလုပ်သား (၂) ဦးအား မိသားစုများထံသို့ လွှဲပြောင်းပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  အိန္ဒိယ နိုင်ငံ၊ ပို့ဘလဲမြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီး ပြန်လည်ရောက်ရှိလာသော မြိတ်ခရိုင်၊ ကျွန်းစု မြို့နယ်မှ ရေလုပ်သား (၂) ဦးအား (၂၃-၁-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၄း၃၀) နာရီချိန်တွင် မြိတ်ခရိုင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျွန်းရတနာအစည်းအဝေးခန်းမ၌ မိသားစုဝင်များထံသို့ လွှဲပြောင်း ပေးအပ်ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁-၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ ကျောက်မဲမြို့နယ်၊ မိုင်းတင်း အ.ထ.က(ခွဲ) ကျောင်းတွင် ကျောင်းသား/သူ အင်အား (၂၀၀) ဦးတို့အား ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေး၊ မီးဘေး အစရှိသည့် ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်းနှင့် ဘေး (၆) … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် ပုန်မူကျေးရွာ ညောင်ရွှေမြို့နယ်တွင် အင်အား (၁၅၀)ခန့်အား လည်းကောင်း ညနေပိုင်းတွင် ရေပူကျေးရွာ ညောင်ရွှေမြို့နယ်၌ အင်အား (၁၅၀)ခန့်အား လည်းကောင်း သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ခြင်း၊ ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်း ပိုစတာပေးအပ်ခြင်းနှင့် အသိပညာပေးမှတ်တမ်းဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် ဒိုက်ဦးမြို့နယ် စက်ကွင်းရပ်ကွက်၊ သီရိမင်္ဂလာ ပရိယတ္တိစာသင်တိုက်တွင် ရပ်ကွက်သူ/ရပ်ကွက်သား (၁၅၀) ဦးအားလည်းကောင်း၊ (၁၅:၀၀)နာရီအချိန်တွင် ဖအောင်ဝဲရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်သူ/ရပ်ကွက်သား (၁၅၀) ဦးအားလည်းကောင်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်မှုလျော့ပါးသက်သာစေရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ် ခြင်း၊ အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁-၂၀၁၈) ရက်နေ့တွင် ညောင်တုန်းမြို့နယ် မြမ္မာပြသာကျေးရွာအုပ်စု ရွာသာကြီး(အရှေ့သောင်)ကျေးရွာမှ ပြည်သူလူထု (၁၀၀) ဦးခန့်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ ဦးစီးဌာန၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များအားရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်း နည်းလမ်းများအား ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း၊ မုန့်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • NV Card ကိုင်ဆောင်သူများအခွင့်အရေး အပြည့်အဝ ရရှိစေရေးဖော်ဆောင်ပေးရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

    ၂၂-၁-၂၀၁၈၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းရှိ NV Card ကိုင်ဆောင်ထားသူများ ရရှိသင့်သည့် အကျိုးများရရှိနိုင်ရန် အတွက် ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းအစည်းအဝေးကို (၂၂-၁-၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် NV Card ကိုင်ဆောင်ထားသူများရရှိနိုင်သည့် အကျိုး(၈)ခု ရှိကြောင်း၊ ထိုအကျိုးများအမှန်တကယ်ရရှိနိုင်ရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ညီညွတ်စွာ သွားလာခွင့်ပြုရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ပဋိပက္ခမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ NV Card ကိုင်ဆောင်ထားပြီး … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးုနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သထုံမြို့ နယ်၊ နောင်ကုလားကျေးရွာအုပ်စု၊ အလယ်ရွာတောင်ပိုင်း၌ (၂၂-၁-၂၀၁၈) ရက်နေ့ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော အိမ် (၁) အိမ်ထောင်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး ၊ family kit (၁) ထုပ် ၊ ရေပုံးအဖုံးပါ (၂) ပုံး ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန် ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀)ကျပ်၊ … Read more

Sign Up

Upcoming Events