Author Archives: Hlaing ChoOo

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာ၌ (၂၈ – ၁ -၂၀၁၈) ရက်နေ့နှင့် (၂၉-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၉) လုံး၊ အိမ်ထောင်စု (၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ (၃၀-၁-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ရေလုပ်ငန်းသုံးပစ္စည်းဖြစ်သည့် ကွင်းတားပိုက်များထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၄၀) စုအတွက် ရေလုပ်ငန်းသုံး ပစ္စည်းဖြစ်သည့် ကွင်းတားပိုက် (၄၀) လက်အား (၂၉-၁-၂၀၁၈) ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ အထွေထွေု အုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၈) ရက်နေ့တွင် မော်လမြိုင်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပြည်သူလူထု (၁၅၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေး ဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ၌ (၂၈-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့ သော နေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ Family Kits (၂) ထုပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈,၄၀၀) ကျပ်တို့အား (၂၉-၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉ – ၁ -၂၀၁၈) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ဂန်ချောင်းကျေးရွာနေ ပြည်သူလူထု (၁၀၀) ဦးခန့်အား ဦးစီးဌာန၏ ရည်ရွယ်ချက် လုပ်ငန်းတာဝန်များ၊ DAN Mobile Application ၏ အသုံးပြုပုံနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်နှင့် မုန့်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၈) ရက်နေ့တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပခုက္ကူမြို့၌ ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အခြေခံပညာ ဦးစီးဌာန၊ ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ပုညမုဒိတာ(ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်း)နှင့် တကွဆရာ/ ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများဖြင့် ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက်ခဲ့ရာ အင်အား (၃၅၀) ဦး တက်ရောက်ခဲ့ပါသည်။ ကျောင်းသူ/ကျောင်းသားများအနေဖြင့် သဘာဝဘေးအသိပညာ ဗဟုသုတ ရရှိစေရန်၊ ငလျင်ဇာတ်တိုက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ငလျင်ဘေးအား တုံ့ပြန်နိုင်သည့် … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်အထိ ဥတ္တရသီရိမြို့နယ်၊ သရက်တော ကျေးရွာအုပ်စု၊ ပိုးစတောကျေးရွာ၌ ပြည်သူလူထု (၁၅၀) ဦးခန့်အား ငလျင်ဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်း ပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ မရဲ့ရွာသစ်ကျေးရွာအုပ်စု၊ မရဲ့ဝကျေးရွာ၌ (၂၇-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် Family Kits (၁) ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀) ကျပ်တို့အား (၂၉-၁-၂၀၁၈) ရက်နေ့တွင် မြို့နယ် ထွေ/အုပ် အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events