မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ မရဲ့ရွာသစ်ကျေးရွာအုပ်စု၊ မရဲ့ဝကျေးရွာ၌ (၂၇-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် Family Kits (၁) ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀) ကျပ်တို့အား (၂၉-၁-၂၀၁၈) ရက်နေ့တွင် မြို့နယ် ထွေ/အုပ် အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events