ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၈) ရက်နေ့တွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ပခုက္ကူမြို့၌ ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အခြေခံပညာ ဦးစီးဌာန၊ ခရိုင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်/မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ပုညမုဒိတာ(ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်း)နှင့် တကွဆရာ/ ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများဖြင့် ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက်ခဲ့ရာ အင်အား (၃၅၀) ဦး တက်ရောက်ခဲ့ပါသည်။ ကျောင်းသူ/ကျောင်းသားများအနေဖြင့် သဘာဝဘေးအသိပညာ ဗဟုသုတ ရရှိစေရန်၊ ငလျင်ဇာတ်တိုက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ငလျင်ဘေးအား တုံ့ပြန်နိုင်သည့် အားနည်းချက်/ အားသာချက်များကို သိရှိစေရန်၊ ရပ်ရွာလူထုနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ သဘာဝဘေးလျော့ပါးရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း သတင်း ရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events