သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၅း၀၀) နာရီအချိန်အထိ ဥတ္တရသီရိမြို့နယ်၊ သရက်တော ကျေးရွာအုပ်စု၊ ပိုးစတောကျေးရွာ၌ ပြည်သူလူထု (၁၅၀) ဦးခန့်အား ငလျင်ဘေးအန္တရာယ်လျော့ပါးရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်း ပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events