Author Archives: Hlaing ChoOo

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့သံခါကျေးရွာအုပ်စု၊ ကော့ဒွန်းကျေးရွာတွင် (၂၆-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kits (၁) စုံ၊အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၀,၅၀၀) ကျပ်တို့အား (၃၁-၁-၂၀၁၈) ရက်နေ့တွင် … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ပိုးလောင်းကျေးရွာရှိ Cyclone Shelter ၌ ကျေးရွာပြည်သူလူထု (၈၁) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ငလျင်ဘေးနှင့်ပတ်သက်၍ အရေးပေါ်အခြေအနေတွင် တုံ့ပြန်မှုစနစ်ကောင်းတစ်ရပ် ပေါ်ထွန်းလာစေရေးဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

    ၁-၂-၂၀၁၈၊ နေပြည်တော် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ မြေငလျင်တုံ့ပြန်မှုသဏ္ဍာန်တူ လေ့ကျင့်ခြင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်၊ Hilton ဟိုတယ်၌ ကျင်းပပြုလုပ်ရာအမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကမိမိတို့နိုင်ငံသည်ပထဝီဝင်အနေအထား၊ ရာသီဥတုအခြေအနေတို့ အရသဘာဝဘေးအန္တရယ်များကျရောက်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ငလျင်ဘေး အန္တရာယ်သည် ကြိုတင်ခန့်မှန်းမရသဖြင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းသက်သာစေရေးအတွက် ကြိုတင်ပြင်ဆင်ရေးအပိုင်းသည် အရေးကြီးပါကြောင်း၊ အရှေ့တောင်အာရှတွင် အကြီးမားဆုံး ဖြစ်သောစစ်ကိုင်းပြတ်ရွေ့ကြောသည် လူနေထူထပ်သည့် မြို့ကြီးများကို ဖြတ်သန်းတည်ရှိပြီး ကီလိုမီတာ (၁၅၀၀) ကျော်ရှည်လျားပါကြောင်း၊ အတိတ်ကာလတွင်လည်းမိမိတို့နိုင်ငံတွင် အင်အား … Read more

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၌ (၂၉-၁-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ (၁၄,၇၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၄,၇၀၀) ကျပ်တို့အား (၃၁-၁-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာ၌ (၃၁-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၁-၂-၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ကမ်းပိုင်ချောင်းကျေးရွာ၌ (၃၁-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၅) လုံး အိမ်ထောင်စု (၆) စုမှ လူဦးရေ (၄၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀၂,၉၀၀) ကျပ်တို့အား (၁-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့မှုနှင့် နေရပ်ပြန်ပြည်သူများအား လိုက်ပါပို့ဆောင်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၈) ရက်နေ့၊ (၁၆း၃၀) နာရီအချိန်တွင် တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်လုပ်ကွက်များမှ မိုးကောင်းမြို့သို့ ရောက်ရှိလာသော နေရပ်ပြန်ပြည်သူ (၉) ဦးအတွက် တီရှပ်၊ တဘက်၊ ဆပ်ပြာနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ညနေပိုင်း၌ ကချင်ပြည်နယ် လူမှုရေးဝန်ကြီးဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များမှ နေရပ်ပြန်ပြည်သူများအား မိုးကောင်းမြို့၊ ဘူတာရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့မှုသတင်း

    ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ပူးပေါင်း၍ IDPs မိသားစု (၁၄) စုအား ပလန.ငွေပျော်စံပြကျေးရွာသို့ (၁-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့နေရာချထားပေးခဲ့ပါသည်။ အဆိုပါ ပြောင်းရွှေ့နေရာချထားပေးရာတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ဒေါ်ဂျေကော့ဘူမှ အိမ်ထောင်စု (၁၂) စုအတွက် စောင် (၁၂) ထည်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီး ဒေါက်တာသင်းလွင်မှ ဆန် (၁၄)အိတ် ၊ အနွေးထည် (၃၄) ထည် ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁၂) … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်တွင် (၂၈-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော သျှီရှိဒူရ်ဂါမယ်တော်ဘုရားကျောင်းအတွင်းရှိ အဆောက်အဦ (၁) လုံး အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၃၁-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events