မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ ကမ်းပိုင်ချောင်းကျေးရွာ၌ (၃၁-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၅) လုံး အိမ်ထောင်စု (၆) စုမှ လူဦးရေ (၄၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀၂,၉၀၀) ကျပ်တို့အား (၁-၂-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: မောင်တောခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events