ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်တွင် (၂၈-၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော သျှီရှိဒူရ်ဂါမယ်တော်ဘုရားကျောင်းအတွင်းရှိ အဆောက်အဦ (၁) လုံး အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၃၁-၁-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)