ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၈) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ ပိုးလောင်းကျေးရွာအုပ်စု၊ ပိုးလောင်းကျေးရွာရှိ Cyclone Shelter ၌ ကျေးရွာပြည်သူလူထု (၈၁) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ကဆရ)