
ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ပူးပေါင်း၍ IDPs မိသားစု (၁၄) စုအား ပလန.ငွေပျော်စံပြကျေးရွာသို့ (၁-၂-၂၀၁၈) ရက်နေ့တွင် ပြောင်းရွှေ့နေရာချထားပေးခဲ့ပါသည်။ အဆိုပါ ပြောင်းရွှေ့နေရာချထားပေးရာတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာ ဒေါ်ဂျေကော့ဘူမှ အိမ်ထောင်စု (၁၂) စုအတွက် စောင် (၁၂) ထည်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေး ဝန်ကြီး ဒေါက်တာသင်းလွင်မှ ဆန် (၁၄)အိတ် ၊ အနွေးထည် (၃၄) ထည် ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁၂) စုစာ တန်ဖိုး (၄၈၄,၂၃၆) နှင့် family kit (world vision) (၃၂) မျိုးပါ တန်ဖိုး (၈၇၈,၄၀၀) စုစုပေါင်း (၁,၃၆၂,၆၃၆) ကျပ် ၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာဝင်းလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆေးစိမ်ခြင်ထောင်(၁၄)ထည် ၊ ပြည်နယ်ပညာရးမှူး ဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဦးအောင်သန်းမြင့်မှ ကျောပိုးအိတ်၊ ဗလာစာအုပ်၊ ဘောပင်၊ ပေတံ တန်ဖိုး (၆၀၀၀၀)ကျပ် ၊ မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့မှ Kitchen set ၊ Shelter too kit ၊ Hygiene kit ၊ Dignity Kit၊ စောင်၊ ခြင်ဆေးခွေ၊ တာပေါ်လင် ၊ ရေပုံး
တန်ဖိုး (၂,၂၃၃,၀၀၀) ကျပ်၊ မြို့နယ်အထွထွအုပ်ချုပ်ရးဦးစီးဌာနမှ ဦးသန်းဝင်းမှ ထမင်းထုပ်နှင့် ရေသန့် ဘူးတို့ကို လည်းကောင်း၊ ကျေးလက်ဦးစီးဌာန ၊ ဦးတင်နု၊ ညွှန်ကြားရေးမှူးမှ အိမ် (၁၂) လုံး တန်ဖိုး
(၃၆,၀၀၀,၀၀၀) ကျပ်တို့ကို မဲနှိက်စနစ်ဖြင့်လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)