Author Archives: Hlaing ChoOo

  • မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှု၊ မိုင်းခတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၆-၂-၂၀၁၈) နေ့၊ (၀၈း၃၀) နာရီအချိန်တွင် မိုင်းခတ်မြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းအား သင်တန်းသား (၅၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ရာ သင်တန်းကာလမှာ (၁၆-၂-၂၀၁၈) နေ့မှ (၁၇-၂-၂၀၁၈) ရက်နေ့အထိ (၂) ရက် တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၂-၂၀၁၈) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဗဟုသုတများတိုးပွားပြီး ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် စနစ်တကျရင်ဆိုင်တုန့်ပြန်နိုင်ရေးအတွက် ချမ်းမြသုခ လူမှုကူညီရေးအသင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းဖြစ်လေ့ရှိသည့် ဘေးအန္တရာယ်များအကြောင်းနှင့် ဖြစ်ပေါ်နိုင်ခြေရှိသည့် ငလျင်ဘေးအန္တရာယ် သိကောင်းစရာဗဟုသုတများအကြောင်း သွားရောက် ဆွေးနွေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ မိသားစုသုံးပစ္စည်းများ လှူဒါန်းလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

    ၁၅-၂-၂၀၁၈၊ စစ်တွေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ထိုင်းနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ မိသားစုသုံးပစ္စည်းများ လှူဒါန်းလွှဲပြောင်းပေးအပ်ခြင်းအခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန အသစ်ဖွင့်လှစ်ဆောင်ရွက်နေမှုများနှင့် ယခုလှူဒါန်းသောပစ္စည်းများကို ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အကျိုးရှိစွာအသုံးပြုမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကလည်း ကျေးဇူး တင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအချိန်ပြည့်အမှုဆောင် ဒေါက်တာဒေါ်အမရာမော်နိုင်က … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈) ရက်နေ့တွင် မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မုံရွာမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၁၃၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ ပန်ဟူးကျေးရွာအုပ်စု၊ ပန်တောင်အောက်ကျေးရွာ၌ (၂၁-၁-၂၀၁၈) ရက်နေ့ တွင် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ (၄)၊ အိမ်ထောင်စု (၄) စုမှ သေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၅,၇၀၀) ကျပ်တို့အား (၂၉-၁-၂၀၁၈) ရက်နေ့တွင်လည်းကောင်း (၁၃-၂-၂၀၁၈) ရက်နေ့တွင် အိမ်ထောင်စု(၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပြဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၅-၂-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရေတာရှည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပြည်သူလူထု (၁၅၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈) ရက်နေ့ တွင် ကျိုက်လတ်မြို့နယ်၊ ကလပ်ရပ်ကျေးရွာအုပ်စု၊ ကလပ်ရပ်ကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ပြည်သူလူထု (၁၀၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၂-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) အချိန်မှ (၁၆း၀၀) နာရီအချိန်အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားပဂိုးကျေးရွာ အုပ်စု၊ အောင်သပြေကုန်းကျေးရွာ၌ ပြည်သူလူထု (၈၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • ငလျင်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၁၈) ရက် နေ့တွင် မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများအား ငလျင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်း နှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events