Author Archives: Hlaing ChoOo

  • လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းစုကျေးရွာတွင် (၂-၅-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီး နေအိမ် (၄)လုံးအတွက် Unicef Family Kit (၂၆) မျိုးပါ (၄) ပုံး၊ ပလပ်စတစ်ပုံး (၄)ပုံး တန်ဖိုးငွေ (၃၅၂,၀၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)၊ အမိုးလန်နေအိမ် (၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး တန်ဖိုးငွေ (၅၅,၅၃၀ိ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀ိ/-)ကျပ်နှင့် လေဘေးသင့်လူဦးရေ (၄၁)ဦးအတွက် … Read more

  • ကချင်ပြည်နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများ ဘေးကင်းလုံခြုံမှုရှိရေးနှင့် ကူညီထောက်ပံ့ရေးကိစ္စများ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရပူးပေါင်းဆောင်ရွက်

    ၆.၅.၂၀၁၈၊ မြစ်ကြီးနားမြို့ မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ လမ်းခွကျေးရွာသို့ရောက်ရှိပြီး လယ်ဘရော့ယန် နှစ်ခြင်းဘုရားကျောင်းတွင် ယာယီဖွင့်လှစ်ထားသော တိုက်ပွဲ ရှောင်စခန်းသို့ရောက်ရှိကြပြီး နေရပ်စွန့်ခွာလာရသော ပြည်သူများကိုတွေ့ဆုံကာ အားပေးစကားပြောကြား ပါသည်။ ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကြရသော ပြည်သူများအနေဖြင့် စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများတွင် လိုအပ်ချက်များရှိမည်ဖြစ်ကြပြီး ကူညီထောက်ပံ့ ဖြေရှင်းပေးရန်မှာလည်း အစိုးရ၏တာဝန်ဖြစ်သဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး အတွက် စားပွဲဝိုင်းအဖြေရှာမှုဖြင့် ညှိနှိုင်းပြီးမျှတသော အကျိုးရလဒ်ကောင်းရရှိရေးကို အစိုးရအနေဖြင့် … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာ၌ (၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)ကျပ်အား (၄-၅-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #shn_may2018

  • ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာအုပ်စု၊ ကောင်းစင့်ကျေးရွာ၌ (၂၄-၄-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှု ကြောင့် ကမ်းပါးပြို၍ ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀ိ/-) ကျပ်တို့အား (၄-၅-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #kcn_may2018

  • နာဂစ် (၁၀) နှစ်‌ပြည်‌့အမှတ်‌တရအထိမ်‌းအမှတ်‌အဖြစ် မုန်‌တိုင်‌းသဏ္ဌာန်‌တူ ဇာတ်‌တိုက်‌‌လေ့ကျင်‌့ခန်‌း အခမ်‌း အနားကျင်းပပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၈) ရက်နေ့ တွင် ဖျာပုံမြို့နယ်၊ မှော်‌ဘီ‌ကျေးရွာရှိ school cum shelter တွင် ဖျာပုံမြို့နယ် ထွေအုပ်‌မှတာဝန်ရှိသူများ၊ ‌မြိုနယ်‌သဘာဝ‌ဘေးအန္တရာယ်‌စီမံခန်‌့ခွဲမှု‌ကော်‌မတီဝင်‌များ၊ မိတ်‌ဖက်‌အဖွဲ့အစည်‌းများ၊ world vision၊actionaid အဖွဲ့ဝင်‌များ၊ ဖျာပုံမြို့နယ်‌လူမှုအဖွဲ့အစည်‌းများ၊ ကျေးရွာသူ/ရွာသားများ စုစုပေါင်း(၂၀၀) ဦးခန့်နှင့်အတူ နာဂစ်(၁၀) နှစ်‌ပြည်‌့အမှတ်တရ အထိမ်‌းအမှတ်‌အဖြစ် မုန်‌တိုင်‌းသဏ္ဌာန်‌တူဇာတ်‌တိုက်‌‌လေ့ကျင်‌့ခန်‌း အခမ်‌းအနား ကျင်‌းပခဲ့ပါသည်။ မုန်‌တိုင်‌းဇာတ်‌တိုက်‌‌လေ့ကျင်‌့‌ပေးခြင်‌းအားဖြင်‌့ ကျေးရွာသူ/ရွာသားများသည် မုန်‌တိုင်‌းနှင်‌့ ပတ်‌သက်၍ ဖြစ်‌ပွားခဲ့ပါက‌ဆောင်‌ရန်‌/ရှောင်‌ရန်အချက်‌များသိရှိခြင်‌း၊ ခိုလှုံရာစခန်‌းများသို့သွားရာ ပြေးလမ်‌း ‌ကြောင်‌းများကို မည်‌သို့သွားရမည်‌ကိုသိရှိခြင်‌း၊ မုန်‌တိုင်‌းအ‌ရောင်‌အလိုက် လုပ်‌‌ဆောင်ရမည်‌့အဆင်‌့များ … Read more

  • လေဘေးနှင့် မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်မြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံလတာကျေးရွာအုပ်စု၊ လမုတန်းကျေးရွာ၌ (၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သောပြိုကျနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀ိ/-) ကျပ်နှင့် ဝါးခယ်မမြို့နယ်၊ သီလချောင်းကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာ၌ … Read more

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ ပန်းပင်စုကျေးရွာအုပ်စု၊ ပန်းပင်စုကျေးရွာ၌ (၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၄-၅-၂၀၁၈) ရက်နေ့ (၀၈း၄၀) နာရီအချန်တွင် ကျန်ရစ်သူမိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_may 2018

  • လေဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ခရိုင်၊ ပန်းတောင်း မြို့နယ်၊ အုပ်စု (၉) စု၊ ကြခတ်ရပ်ကွက်၌ (၂၅-၄-၂၀၁၈) ရက်နေ့နှင့် (၂-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၇၉) လုံးအတွက် တန်ဖိုးသင့်နှုန်းထားများဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၇၅၈,၉၀၀ိ/-) ကျပ်နှင့် ပြိုလဲနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more

  • တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဗြိတိန်နိုင်ငံသံရုံး၊ သံအမတ်ကြီး H.E. Mr. Andrew Patrick မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂါရဝပြုလာရောက်တွေ့ဆုံ

    ၃.၅.၂၀၁၈၊ နေပြည်တော် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ဗြိတိန်နိုင်ငံသံရုံး၊ သံအမတ်ကြီး H.E. Mr. Andrew Patrick သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အဆိုပါဝန်ကြီးရုံး၏ မေခလာဧည့်ခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံရာတွင် ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားအကူအညီများပေးလျက်ရှိပြီး ဆက်လက်ကူညီပေးသွားရန်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရအနေဖြင့် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေး ထားဆောင်ရွက်လျက်ရှိရာ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်သမ္မတ၏မိန့်ခွန်းမှ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးစသည့် … Read more

  • လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲရေး (ဒုတိယအကြိမ်) အစည်းအဝေး

    ၃-၅-၂၀၁၈၊နေပြည်တော် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရေးဆွဲရေး (ဒုတိယအကြိမ်) အစည်း အဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ တက်ရောက်အမှာစကား‌ပြောကြားခဲ့ပါသည်။ အစည်းအဝေးကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လူငယ်မူဝါဒထွက်ရှိပြီး မဟာဗျူဟာရေးဆွဲဆောင် ရွက်နေပြီဖြစ်၍အတိုင်းအတာတစ်ခုထိ ပြီး‌မြောက်နေပြီဖြစ်သဖြင်‌့ လူငယ်များအားလုံးမှ စည်းလုံး ညီညွတ်စွာ အတူလက်တွဲပူးပေါင်းဆောင်ရွက်ရန်လိုပါအပ်ကြောင်း၊ ဌာနဆိုင်ရာအသီးသီး၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက် ဆဲလုပ်ငန်းစဉ်များတွင် လူငယ်ကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးများအတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း၊ လူငယ်များဘက်မှ မတူညီကွဲပြားခြားနားမှုများ၊ ပညာအရည်အချင်း၊ ပတ်ဝန်းကျင်ဒေသအခြေအနေ၊ ဆင်းရဲချမ်းသာ ကွာဟချက်များစွာရှိနိုင်ပါကြောင်း၊ … Read more

Sign Up

Upcoming Events