Author Archives: Hlaing ChoOo
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးနှင့် American RefugeeCommittee (ARC) အဖွဲ့၏ ဥက္ကဌတို့မှ သီးခြားစီလာရောက်တွေ့ဆုံ
၂၃.၅.၂၀၁၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးမှ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Johannes Olijelund ဦးဆောင်သောအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H. E. Prof. Dr. IzaFadriနှင့် American Refugee Committee အဖွဲ့၏ဥက္ကဌ Mr. Daniel Wordsworth တို့က ယနေ့နံနက်ပိုင်းတွင် သီးခြားစီလာရောက်တွေ့ဆုံပါသည်။ ဆွီဒင်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးမှ ညွှန်ကြားရေးမှူးချုပ် H.E. Mr. Johannes … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မဉ္ဇူသကခန်းမတွင် (Grade -2) ကျောင်းအုပ်စုအဆင့် သင်တန်း တက်ရောက်နေသော ဆရာ/မများ စုစုပေါင်း အင်အား (၄၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့ သရုပ်ပြလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #kcn_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနား ကျင်းပပြု လုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ (၂၃-၅-၂၀၁၈) ရက်နေ့၊ (၀၈း၃၀) နာရီအချိန်တွင် ပဲခူးမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊သီရိပညာခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားအား ကျင်းပပြုလုပ်ရာ တိုင်းဦးစီးမှူးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှု အခြေ အနေများကိုရှင်းလင်းပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြား ရေးမှူး (စီမံ) မှ ကျေးဇူးတင်စကားပြောကြားကာ ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) တာဝန်ရှိသူ တစ်ဦးမှ ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက် လာသူ များအား … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်းဘွဲ့မြို့နယ်၊ မြလေးကျေးရွာအုပ်စု၊ အလန်းကျေးရွာ၌ (၁၂-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော သံလွင်မြစ်ကမ်းပြိုကျမှုကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၅၀,၀၀၀ိ/-) ကျပ်တို့အား (၂၃-၅-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #krn_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့၊ (၀၈း၀၀) အချိန်မှ (၁၀း၀၀) နာရီအချိန်ထိ မအူပင်မြို့နယ်၊ အ.ထ.က (၁) ၌ (Grade-2) မွမ်းမံသင်တန်း တက်ရောက် နေသောဆရာ/ဆရာမ (၃၅၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြော ခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #ayy_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့တွင် ပုသိမ် ခရိုင်၊ ငပုတောမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဒုတိယတန်းသင်ရိုးသစ်မွမ်းမံ သင်တန်းတက်ရောက်နေသော ဆရာ/ဆရာမ (၂၀၀) ဦးတို့အား (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီ အချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် လက်တွေ့လေ့ကျင့် ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #ayy_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် UNDP မှတာဝန်ရှိသူများ၊ UN-Habitat မှတာဝန်ရှိသူများ၊ Action Aid Myanmar မှတာဝန်ရှိသူများ၊ Plan International Myanmar မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၃-၅-၂၀၁၈) ရက်နေ့၊ (၁၀း၀၀)အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်း၌ ဒုတိယတန်း သင်ရိုးသစ်မွမ်းမံသင်တန်း တက်ရောက်နေသော ဆရာ/ဆရာမ(၁၅၀)ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) … Read more
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အ.ထ.က (၂) ကျောင်း၌ (Grade-2) သင်ရိုးသစ် ဆိုင်ရာ မြို့နယ်အဆင့်သင်တန်းတက်ရောက်နေသော ကျောင်းပေါင်း (၁၄၇) ကျောင်းမှ ဆရာ/ဆရာမ (၅၇၄) ဦးတို့အား (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဆွေးနွေးခြင်းနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #kcn_may2018
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၈) ရက်နေ့တွင် မယ်စဲ့မြို့နယ် အ.ထ.က ကျောင်းမှ ဆရာ/ဆရာမ (၄၀) ဦးအားလည်းကောင်း၊ (၁၄-၅-၂၀၁၈) ရက်နေ့တွင် ဘောလခဲမြို့နယ် အ.ထ.က ကျောင်းမှ ဆရာ/ဆရာမ (၁၀၅) ဦးအားလည်း ကောင်း (၁၅-၅-၂၀၁၈) ရက်နေ့တွင် ရှားတောမြို့နယ်မှ ဆရာ/ဆရာမ (၉၀) ဦးအားလည်းကောင်း၊ (၁၆-၅-၂၀၁၈) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် အ.ထ.က ကျောင်း (ဒီးမော့ဆို) မှ ဆရာ/ဆရာမ (၂၁၅) ဦးအား လည်းကောင်း၊ အ.ထ.ကကျောင်း (ငွေတောင်) မှ … Read more
-
ထောက်ပံံငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၁၈) ရက်နေ့မှစတင်၍ (၁၁-၅-၂၀၁၈) ရက်နေ့အတွင်း ဂွမြို့နယ်၊ ဘဝင်ကျေးရွာအုပ်စု၊ ဘဝင်ကျေးရွာ၌ တောဆင်ရိုင်းအန္တရာယ်ကျရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးတဲအိမ် (၇၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၅၀၀,၀၀၀ိ/-) ကျပ်နှင့် တောဆင်ရိုင်းနင်းမှုကြောင့် သေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်တို့အား (၂၂-၅-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အုပ်ချုပ်ရေးမှူး၊ ဘဝင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ ကျိန္တလီမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဆင်ရိုင်းအန္တရာယ်ကျရောက်သည့် ဘဝင်ကျေးရွာအုပ်စု၊ ဘဝင်ကျေးရွာသူ/သား များ … Read more
