
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၈) ရက်နေ့တွင် မယ်စဲ့မြို့နယ် အ.ထ.က ကျောင်းမှ ဆရာ/ဆရာမ (၄၀) ဦးအားလည်းကောင်း၊ (၁၄-၅-၂၀၁၈) ရက်နေ့တွင် ဘောလခဲမြို့နယ် အ.ထ.က ကျောင်းမှ ဆရာ/ဆရာမ (၁၀၅) ဦးအားလည်း ကောင်း (၁၅-၅-၂၀၁၈) ရက်နေ့တွင် ရှားတောမြို့နယ်မှ ဆရာ/ဆရာမ (၉၀) ဦးအားလည်းကောင်း၊ (၁၆-၅-၂၀၁၈) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် အ.ထ.က ကျောင်း (ဒီးမော့ဆို) မှ ဆရာ/ဆရာမ (၂၁၅) ဦးအား လည်းကောင်း၊ အ.ထ.ကကျောင်း (ငွေတောင်) မှ ဆရာ/ဆရာမ (၁၉၅) ဦးနှင့် အ.ထ.ကကျောင်း (ဒေါငံခါး) မှ ဆရာ/ဆရာမှ (၂၃၅) ဦးအားလည်းကောင်း၊ (၁၇-၅-၂၀၁၈) ရက်နေ့တွင် ဖရူဆိုမြို့နယ် အ.ထ.က ကျောင်းမှ ဆရာ/ဆရာမ (၃၉၉) ဦးအားလည်းကောင်း (၁၉-၅-၂၀၁၈)ရက်နေ့တွင် လွိုင်ကော် မြို့နယ် အ.ထ.က (၂) ကျောင်းမှ ဆရာ/ဆရာမ (၂၇၉) ဦးနှင့် အ.ထ.က (၃) ကျောင်းမှ ဆရာ/ဆရာမ (၄၃၈) ဦးအားလည်းကောင်း၊ (၂၁-၅-၂၀၁၈) ရက်နေ့၊ ဖားဆောင်းမြို့နယ် အ.ထ.က ကျောင်းမှ ဆရာ/ဆရာမ(၁၂၆)ဦးတို့အားလည်းကောင်း ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့လက်ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ar_eqk
#kyh_may2018