လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၄-၂၀၁၈) ရက်နေ့မှစတင်၍ (၁၁-၅-၂၀၁၈) ရက်နေ့အတွင်း ဂွမြို့နယ်၊ ဘဝင်ကျေးရွာအုပ်စု၊ ဘဝင်ကျေးရွာ၌ တောဆင်ရိုင်းအန္တရာယ်ကျရောက်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးတဲအိမ် (၇၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၅၀၀,၀၀၀ိ/-) ကျပ်နှင့် တောဆင်ရိုင်းနင်းမှုကြောင့် သေဆုံး (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်တို့အား (၂၂-၅-၂၀၁၈) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အုပ်ချုပ်ရေးမှူး၊ ဘဝင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်ပူးပေါင်း၍ ကျိန္တလီမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ဆင်ရိုင်းအန္တရာယ်ကျရောက်သည့် ဘဝင်ကျေးရွာအုပ်စု၊ ဘဝင်ကျေးရွာသူ/သား များ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#rke_may2018