ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများ ဆောင်ရွက်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၅-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အ.ထ.က (၂) ကျောင်း၌ (Grade-2) သင်ရိုးသစ် ဆိုင်ရာ မြို့နယ်အဆင့်သင်တန်းတက်ရောက်နေသော ကျောင်းပေါင်း (၁၄၇) ကျောင်းမှ ဆရာ/ဆရာမ (၅၇၄) ဦးတို့အား (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဆွေးနွေးခြင်းနှင့် လက်တွေ့သဏ္ဍာန်တူလေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar_eqk
#kcn_may2018

Sign Up

Upcoming Events