Author Archives: Hlaing ChoOo

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၈) ရက်နေ့တွင် (၁၃း၃၀) အချိန်မှ (၁၄း၃၀) နာရီအချိန်ထိ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ရပ်ကွက်/ကျေးရွာအုပ်စု (၆၇) စုမှ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများ ရပ်ကျေး/စာရေးဝန်ထမ်းများ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန် ရှိသူများ စုုစုပေါင်းလူဦးရေ (၁၈၀) ဦးအား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jun2018

  • လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့် အိမ်ထောင်စု အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်အတွင်း ဒလန့်ချွန် ကျေးရွာအုပ်စု၊ ဘူတာစုကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့၊ (၁၉း၂၀) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်လူနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ် ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀ိ/-) ကျပ်တို့အား (၁၅-၆-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ … Read more

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန် မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ မီးရထား (၂) ၊ သာစည်လိုင်းတွင် (၁၃-၆-၂၀၁၈) ရက်နေ့၊ (၁၄း၄၅) နာရီအချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော ပြိုကျ နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၇) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၄,၇၀၀ိ/-)ကျပ်၊ … Read more

  • မြန်မာရေလုပ်သားများအတွက် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့မှုသတင်း

    အိန္ဒိယနိုင်ငံ၊ ပို့ဘလဲ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီး open camp ထိန်းသိမ်းခံရသော မြန်မာရေလုပ်သား (၇) ဦးအား (၁၄-၆-၂၀၁၈) ရက်နေ့၊ ည (၂၁း၂၀) နာရီအချိန်တွင် ကောလကတ္တားမှ ရန်ကုန်မြို့သို့ အိန္ဒိယလေကြောင်း လိုင်း 8 M608 ဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာရေလုပ်သား (၇) ဦးတို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး နှင့် ဖျာပုံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ … Read more

  • ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေဘေးသင့်ကျေးရွာများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ပြင်ခရိုင်ကျေးရွာအုပ်စု၊ လှည်းလမ်းကွင်းမြောက်ကျေးရွာနှင့် ဝါးကုန်းကျေးရွာအုပ်စု၊ အလယ်သောင်ကျေးရွာတို့တွင် လေဘေးကြောင့် ဘေးသင့်ခဲ့သော ပျက်စီးနေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၄) ပုံး၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၅,၂၀၀ိ/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၅,၂၀၀ိ/-)ကျပ်တို့အား (၁၅-၆-၂၀၁၈) ရက်နေ့၊ (ဝရး၃၀) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှု ဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၈) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ စက်မှုဝန်ကြီးဌာန၊ အမှတ် (၄) စက်မှုသင်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် သင်တန်းသူ/သား (၁၇၅) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်း စာစောင်များထည့်သွင်းထားသော … Read more

  • သံတွဲမြို့နယ်၊ မောင်းဆွဲကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သံတွဲမြို့နယ်၊ မောင်းဆွဲကျေးရွာ၌ (၁၀-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၂,၆၀၀ိ/-) ကျပ်တို့အား (၁၂-၆-၂၀၁၈) ရက်နေ့တွင် သံတွဲမြို့နယ်၊ … Read more

  • သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သံတွဲမြို့နယ်၊ အမှတ် (၁၊၂၊၃၊၄၊၆၊၇)၊ ညောင်ပင်ကျေးရွာနှင့် မောင်းဆွဲကျေးရွာတို့၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေဆံတော်ဓမ္မာရုံနှင့် အံတော် ဘုန်းကြီးကျောင်း ဓမ္မာရုံတို့တွင် ခေတ္တခိုလှုံလျက်ရှိသော ရွှေ့ပြောင်းအိမ်ထောင်စု (၂၁) စုမှ ဘေးသင့်ပြည်သူ (၇၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆၅,၉၀၀ိ/-) ကျပ်အား (၁၂-၆-၂၀၁၈) ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကမ္ဘောဇဘဏ်မှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #rke_jun2018

  • မာန်အောင်မြို့နယ်၊ ညောင်ကုန်းကျေးရွာ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မာန်အောင်မြို့နယ်၊ ညောင်ကုန်းကျေးရွာ၌ (၁၂-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၈၄၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀ိ/-)ကျပ်တို့အား (၁၃-၆-၂၀၁၈) ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကမ္ဘောဇဘဏ်မှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #rke_jun2018

  • သံတွဲမြို့နယ်၊ ကြက်စားချောင်းကျေးရွာနှင့် မော်ရှည်ကျေးရွာအတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သံတွဲမြို့နယ်၊ ကြက်စားချောင်းကျေးရွာနှင့် မော်ရှည်ကျေးရွာ တို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၅၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀ိ/-) ကျပ်တို့အား (၁၂-၆-၂၀၁၈) ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကမ္ဘောဇဘဏ်မှ တစ်ဆင့် … Read more

Sign Up

Upcoming Events