သံတွဲမြို့နယ်၊ ကြက်စားချောင်းကျေးရွာနှင့် မော်ရှည်ကျေးရွာအတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သံတွဲမြို့နယ်၊ ကြက်စားချောင်းကျေးရွာနှင့် မော်ရှည်ကျေးရွာ တို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၅၀,၀၀၀ိ/-) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀၀ိ/-) ကျပ်တို့အား (၁၂-၆-၂၀၁၈) ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကမ္ဘောဇဘဏ်မှ တစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#rke_jun2018

Sign Up

Upcoming Events