သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သံတွဲမြို့နယ်၊ အမှတ် (၁၊၂၊၃၊၄၊၆၊၇)၊ ညောင်ပင်ကျေးရွာနှင့် မောင်းဆွဲကျေးရွာတို့၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွှေဆံတော်ဓမ္မာရုံနှင့် အံတော် ဘုန်းကြီးကျောင်း ဓမ္မာရုံတို့တွင် ခေတ္တခိုလှုံလျက်ရှိသော ရွှေ့ပြောင်းအိမ်ထောင်စု (၂၁) စုမှ ဘေးသင့်ပြည်သူ (၇၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၆၅,၉၀၀ိ/-) ကျပ်အား (၁၂-၆-၂၀၁၈) ရက်နေ့တွင် သံတွဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကမ္ဘောဇဘဏ်မှတစ်ဆင့် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#rke_jun2018

Sign Up

Upcoming Events