Author Archives: Hlaing ChoOo

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကျောက်တန်းကြီး ကျေးရွာ အုပ်စု၊ ဓနုံးတောင်ရပ်ကွက်၌၊ (၁၆-၆-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-) ကျပ်အား (၁၈-၆-၂၀၁၈)ရက်နေ့၊ (၁၅း၂၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူးး၊လွတ်တော်ကိုယ်စားလှယ်၊ ကျေးရွာမှတာဝန်ရှိသူများနှင့်အတူ သေဆုံးသူ၏ မိသားစုဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_jun2018

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အိုးဘိုလေးကျေးရွာ၊ ကျောတန်းကြီးကျေးရွာ၊ အိုးဘိုကျေးရွာ၊ သံလျှက်စွန်းကျေးရွာ၊ ဆိတ်ကြီဒကျေးရွာ၊ လင်းတာကျကျေးရွာ၊ မြောက်ပန်းကုန်း ကျေးရွာ၊ အမှတ် (၃) ရပ်ကွက်တို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်၊ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more

  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ထိန်လေးပင်ကျေးရွာအုပ်စု၊ ထိန်လေးပင်ကျေးရွာ မိုးကြိုးဘေးထောက်ပံ့မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ထိန်လေးပင်ကျေးရွာအုပ်စု၊ ထိန်လေးပင်ကျေးရွာ၌ (၁၆-၆-၂-၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)ကျပ်အား (၁၈-၆-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ကျန်ရစ်သူမိသားစုလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_jun2018

  • ရေဘေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ မိုးမိတ်မြို့၊ လက်ခုတ်တန်းရပ်ကွက် အ.ထ.က (ခွဲ) ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၂၄၀) ဦးခန့်အား ရေဘေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) # ar _fld # ar _eqk

  • မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားသဖြင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ စမ်းအိုင့်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာနှင့် တွင်းလည် ကျေးရွာအုပ်စု၊ တွင်းလည်ကျေးရွာတို့တွင် (၈-၆-၂၀၁၈) ရက်နေ့မှ (၁၄-၆-၂၀၁၈) ရက်နေ့အထိ မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားသဖြင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၆) လုံး၊ လူဦးရေ (၂၂) ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၆,၂၀၀ိ/-) ကျပ်နှင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀ိ/-) ကျပ်၊ … Read more

  • ဖရူဆိုမြို့နယ်၊ ရော်ဒေါ်ခေါကျေးရွာအုပ်စု၊ ကာပရူကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်၊ ရော်ဒေါ်ခေါကျေးရွာအုပ်စု၊ ကာပရူ ကျေးရွာ၌ (၁၄-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် ဆန်ရိက္ခာ ဖိုးငွေ (၄,၂၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံံ့ငွေ (၁၀၄,၂၀၀ိ/-)ကျပ်တို့အား (၁၅-၆-၂၀၁၈) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #kyh_jun2018

  • မိုးကြီးပြီး ရေကြီးရေလျှံမှုများကြောင့် ရေနစ်မြုပ်ခံခဲ့ရသည့် မွန်ပြည်နယ်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ လိုက်လံကြည့်ရှုပြီး အားပေးထောက်ပံ့မှုများပြုလုပ်

    မော်လမြိုင်၁၇-၆-၂၀၁၈ မွန်ပြည်နယ်အတွင်း (ဇွန်လ၊၁၆ရက်)နေ့မှစ၍ မိုးအဆက်မပြက်ရွာသွန်းနေမှုကြောင့် ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပွားလျက်ရှိပါသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒါက်တာဝင်းမြတ်အေး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ပိုင်းတွင် မုတ္တမတိုက်နယ်ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းများသို့ရောက်ရှိကြပြီး ရေလွှမ်းမိုးခြင်းခံခဲ့ ရသော တိုက်နယ်ဆေးရုံ၏ပျက်စီးမှုအခြေအနေ၊ ရေတိုက်စားမှုကြောင့် အုတ်တံတိုင်းပြိုကျမှုအခြေအနေနှင့် စာသင် ကျောင်းနံရံနှင့် သိပ္ပံခန်းအဆောင်ပျက်စီးမှုအခြေအနေ များကိုကြည့်ရှု့ပြီး စေတနာ့ဝန်ထမ်းအဖွဲ့များ၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်မှုကို ကြည့်ရှု့အားပေးပြီး၊ ကျေးဇူးတင်စကားပြောကြားကာ ထောက်ပံ့မှုများပြုလုပ်ခဲ့ပါ သည်။ … Read more

  • မြစ်ရေတိုက်စားကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာ၌ (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် မြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက် သိမ်း ပြောင်းရွှေ့ ရသော လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀ိ/-)ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၁၂,၆၀၀ိ/-) ကျပ်၊ စုစုပေါင်း … Read more

Sign Up

Upcoming Events