လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်အတွင်း ကျေးရွာ (၅) ရွာ၌
(၁၄-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး ရေကြီး/ရေလျှံမှုများကြောင့် ယာယီခိုလှုံရာနေရာများတွင် ပြောင်းရွှေ့နေထိုင်ကြသော အိမ်ထောင်စု (၁၅၀)၊ လူဦးရေ (၆၆၄) ဦး အတွက် အိမ်ထောင်စု (၁) စုလျှင် ဆီ (၅၀) ကျပ်သား၊ ပဲ (၅၀) ကျပ်သား၊ ဆား (၂၅) ကျပ်သားနှုန်းနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၁,၆၇၉,၄၀၀ိ/-) ကျပ်နှင့် ရေနစ်သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၂၇၉,၄၀၀ိ/-) ကျပ်တို့အား (၁၈-၆-၂၀၁၈) ရက်နေ့တွင် မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#rke_jun2018