မင်းပြားမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ခဲ့သော နေအိမ်များ အတွက် ထောက်ပံ့မှု သတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်အတွင်း ကျေးရွာ (၃) ရွာ အတွင်း၌ (၁၃/၁၄-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ကမ်းပါးပြိုကျမှုကြောင့် ဘေးသင့်ခဲ့ သော နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦရေ (၁၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၃,၆၀၀ိ/-) ကျပ်တို့အား (၁၈-၆-၂၀၁၈) ရက်နေ့တွင် မင်းပြားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fld
#ha_rbe
#rke_jun2018

Sign Up

Upcoming Events