မိုးကြီးပြီး ရေကြီးရေလျှံမှုများကြောင့် ရေနစ်မြုပ်ခံခဲ့ရသည့် မွန်ပြည်နယ်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့ လိုက်လံကြည့်ရှုပြီး အားပေးထောက်ပံ့မှုများပြုလုပ်

မော်လမြိုင်၁၇-၆-၂၀၁၈
မွန်ပြည်နယ်အတွင်း (ဇွန်လ၊၁၆ရက်)နေ့မှစ၍ မိုးအဆက်မပြက်ရွာသွန်းနေမှုကြောင့် ရေကြီးနစ်မြုပ်ခြင်းများ ဖြစ်ပွားလျက်ရှိပါသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒါက်တာဝင်းမြတ်အေး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ပိုင်းတွင် မုတ္တမတိုက်နယ်ဆေးရုံနှင့် အခြေခံပညာအထက်တန်းကျောင်းများသို့ရောက်ရှိကြပြီး ရေလွှမ်းမိုးခြင်းခံခဲ့ ရသော တိုက်နယ်ဆေးရုံ၏ပျက်စီးမှုအခြေအနေ၊ ရေတိုက်စားမှုကြောင့် အုတ်တံတိုင်းပြိုကျမှုအခြေအနေနှင့် စာသင် ကျောင်းနံရံနှင့် သိပ္ပံခန်းအဆောင်ပျက်စီးမှုအခြေအနေ များကိုကြည့်ရှု့ပြီး စေတနာ့ဝန်ထမ်းအဖွဲ့များ၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်မှုကို ကြည့်ရှု့အားပေးပြီး၊ ကျေးဇူးတင်စကားပြောကြားကာ ထောက်ပံ့မှုများပြုလုပ်ခဲ့ပါ သည်။ ထို့ပြင် မုတ္တမမြို့အတွင်း မိုးရွာသွန်းမှုကြောင့် နေအိမ်ပြိုကျခြင်း၊ အမိုးလန်ပျက်စီးခြင်းတို့အတွက် သက်မှတ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့ကျိုက်သလ္လံစေတီတော် ဝတ္တကမြေပြိုကျမှု အခြေအနေ၊ ဘုရားဝန်းအတွင်းရှိ ဓာတ်လှေကား၊ဆောင်းတန်းနှင့် ဘုရားဆောင် အဆောက်အဦပြိုအက်မှုအခြေ အနေများကိုကြည့်ရှု့ပြီး ပြန်လည်ပြင်ဆင်မည့်အစီအစဉ်များကို သက်ဆိုင်ရာပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက် နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် မူလတန်းလွန်ကျောင်း (ကိုဝချောင်) ယာယီရေဘေးရှောင်စခန်းသို့သွားရောက်၍ ရေဘေး သင့်ပြည်သူများနှင့်တွေ့ဆုံ အားပေးစကားပြောကြားပြီး လက်တလော စာနပ်ရိက္ခာထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။
#hl1
#dg
#mon_jun2018

Sign Up

Upcoming Events