Author Archives: Hlaing ChoOo

  • မြန်မာနိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) ဆိုင်ရာ လုပ်ငန်းအစီအစဉ်များဖော်ဆောင်ရေး ဝန်ကြီးဌာနအဆင့် ညှိနှိုင်းဆွေးနွေး

    သြဂုတ်လ၊ ၂၃၊ နေပြည်တော်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ သာယာဝပြောမှုနှင့် မိတ်ဖက်ဖြစ်မှု၊ ပြည်သူနှင့် ကမ္ဘာကြီးပါဝင်သော မဏ္ဍိုင်ကြီး (၃) ခုကို အခြေခံပြီး ရည်မှန်းချက် ပန်းတိုင် (၅) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ရည်မှန်းချက် ပန်းတိုင် (၅) ရပ်မှာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့်ကောင်းမွန်သော အုပ်ချုပ်ရေး၊ စီးပွားရေးတည်ငြိမ်အားကောင်းလာရေး၊ အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက် ရေး၊ (၂၁) ရာစု လူမှုအသိုက်အဝန်းအတွက် လူသားအရင်းအမြစ်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ … Read more

  • ရေဘေးသင့်ဒေသများရှိပြည်သူများအတွက် ကောလင်းမြို့သူ/မြို့သားများက အလှူငွေများပေးအပ်လှူဒါန်း

    သြဂုတ်လ၊ ၂၃၊ နေပြည်တော်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့သည် ၂၀၁၅/၂၀၁၆ ခုနှစ်များတွင် ရေဘေးဒဏ်ခံစားခဲ့ရသော မြို့နယ် တစ်ခုဖြစ်ပြီးအစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများဖြင့် ကြိုတင် ကာကွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် ရေဘေးဒဏ်မခံစားရသော်လည်း ယခုနှစ် ရေဘေးဒဏ်ခံစားရသော အခြားဒေသများရှိ ပြည်သူများ အတွက် စာနာစိတ်ဖြင့် ကောလင်းမြို့သူ မြို့သားများ စုပေါင်းထည့်ဝင်သော အလှူငွေ (ကျပ်-တစ်ရာ ငါးဆယ့် လေးသိန်း နှစ်ထောင့်ရှစ်ရာ)ကို ကောလင်းမြို့သူ/မြို့သားများကိုယ်စား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်နှင့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ သဘာဝဘေးစီမံ ခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂၃-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်ထိ ဒက္ခိဏသီရိ မြို့နယ်၊ မြောက်ကျောင်းစုဓမ္မာရုံ၌ ကျေးရွာသူ/သား စုစုပေါင်း (၃၀) ဦးခန့်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar_eqk #npw_aug2018

  • တနင်္သာရီမြစ်ရေကြီးနစ်မြုပ်မှုကြောင့် ပြောင်းရွှေ့သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် တနင်္သာရီမြို့နယ်အတွင်း၌ ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း၌ တနင်္သာရီမြစ်ရေကြီး နစ်မြုပ်မှုကြောင့် နေအိမ်ပြောင်းရွှေ့သူ (၆၉၅၆) ဦးနှင့် ရေနစ်မြုပ်သူ ဦးစားပေးအိမ်ထောင်စု (၆၇၆၂) ဦး၊ စုစုပေါင်း (၁၃၇၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ ထောက်ပံ့ငွေ (၂၈,၈၀၇,၈၀၀/-)ကျပ်အား (၂၁-၈-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #tny_aug2018

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း ၍ မအူပင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာ၌ (၁၆-၈-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီအချိန်မှ (၁၁း၃၀) နာရီအချိန်ထိ ပြည်သူလူထု (၈၀) ဦးခန့်အား ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_aug2018

  • တနင်္သာရီတိုင်းဒေသကြီးအတွင်း ထောက်ပံ့ခြင်းနှင့် ဘေးသင့်ဒေသများ အမြန်ပြန်လည်ထူထောင်နိုင်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆောင်ရွက်

      သြဂုတ် ၂၁၊ မြိတ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူ များအား ထောက်ပံ့ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ရေးညှိနှိှုင်းခြင်းနှင့် မိုင်းအန္တရာယ် ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ထောက်ပံ့ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့သို့ ရောက်ရှိခဲ့ပါသည်။ တနင်္သာရီတိုင်းဒေသကြီးတွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြိတ်မြို့၊ ပုလဲရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားရာတွင် တနင်္သာရီတိုင်းဒေသကြီးသို့ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် မသန်စွမ်း … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာအုပ်စု၊ ကျုံတာကျေးရွာ၌ (၁၉-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၅၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-)ကျပ်တို့အား (၂၁-၈-၂၀၁၈)ရက်နေ့တွင် လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

Sign Up

Upcoming Events