Author Archives: Hlaing ChoOo

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ အထက်ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ (၂၆-၈-၂၀၁၈) ရက်နေ့ (၁၈း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းနေအိမ် (၇) လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၅,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁) မျိုး အိမ်ထောင်စု (၇) စုစာအား (၂၈-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန် တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • ရေဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မြေနုကျေးရွာ၌ (၂၅-၈-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အိမ်ခြေ (၁၇)လုံး၊ အိမ်ထောင်စု (၁၉) စု၊ လူဦးရေ (၆၅) ဦးတို့အတွက် အိမ်ထောင်စု (၁) စုလျှင် ငါးသေတ္တာဗူး (၃) ဗူးနှုန်းဖြင့် အိမ်ထောင်စု (၁၉) စုအတွက် (၁၇,၁၀၀/-)၊ လူဦးရေ (၆၅)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၃၆,၅၀၀/-)၊ စုစုပေါင်း (၁၅၃,၆၀၀/-) ကျပ်တို့အား (၂၇-၈-၂၀၁၈) ရက်နေ့ (၁၂း၀၀) … Read more

  • ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်လှူဒါန်းမှုသတင်း

    ၂၆.၈.၂၀၁၈၊ ရန်ကုန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်နှင့်အတူ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံးတွင် ကျင်းပ ပြုလုပ်သည့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူငွေများပေး အပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ဒဏ်ခံခဲ့ရသော ဒေသများအမြန်ဆုံးပြန်လည် ထူထောင်နိုင်ရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်တွင် ဘေးသင့် ဒေသများအမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကိုဖွဲ့စည်းထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်း များကိုအားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် သဘာဝဘေးကာကွယ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများဖြင့် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၈) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ အုပ်စု၊ နန်းဖဲကျေးရွာရှိ ပြည်သူလူထု (၇၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_aug2018

  • အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်သော ဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦများဆောက်လုပ်ပေးလျက်ရှိ

    သြဂုတ်၂၅၊ ပြည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပန်းတောင်းမြို့နယ်၊ မင်းရပ်ရပ်ကွက်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ် မှုဖြင့် ဆောက်လုပ်ထားသော သဘာဝဘေးဒဏ်ခံဘက်စုံသုံး အဆောက်အဦဆောက်လုပ်ပြီးစီးမှုကို သွားရောက် ကြည့်ရှုပြီး ပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ လိုအပ်ချက်များ ဖြေရှင်းဖြည့်ဆည်းပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ သဘာဝဘေးဒဏ်ခံ ဘက်စုံသုံးအဆောက်အဦအား ပတ်ဝန်းကျင်ရှိ ကြခတ်ရပ်ကွက်နှင့် မင်းရပ် ရပ်ကွက်တို့မှ အိမ်ခြေ (၇၁၇)မှ လူဦးရေစုစုပေါင်း သုံးထောင်ကျော်ခိုလှုံ နိုင်မည်ဖြစ်ပါသည်။ … Read more

  • ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန် ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကျိုက်မရောမြို့နယ်အတွင်း ဇူလိုင်လမှစ၍ ရေကြီး/ရေလျှံမှုကြောင့် ရေဘေးရှောင်မိသားစုများအတွက် မိသားစုသုံးရှေးဦးသူနာပြုဆေးပစ္စည်း အစုံအလင်ပါ (First Aid Kit) (၂၄၇) အိတ်အား (၂၅-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #otr #mon_aug2018

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာအုပ်စု၊ ယင်းဆယ်ကျေးရွာ၌(၂၁-၈-၂၀၁၈) နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် လေဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် (၃၂,၃၅၃/-) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၁)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-) ကျပ်တို့အား ( ၂၄-၈ -၂၀၁၈) ရက်နေ့တွင် လေးမျက်နှာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more

  • စာသင်ကျောင်းအခြေပြု သဘာဝဘေးလျော့ပါးရေးသင်တန်း ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Lutheran World Federation (LWF) အဖွဲ့ အစည်းနှင့်ပူးပေါင်း၍ စာသင်ကျောင်းအခြေပြုသဘာဝဘေးလျော့ပါးရေးသင်တန်း(School Based Disater Risk Reduction Training) အား (၁၃-၈-၂၀၁၈) ရက်နေ့မှ (၁၄-၈-၂၀၁၈) ရက်နေ့အထိ မြောက်ဦးမြို့နယ်၊ ရှမ်းတောင်ကျေးရွာ၌လည်းကောင်း (၁၆-၈-၂၀၁၈) ရက်နေ့မှ(၁၇-၈-၂၀၁၈) ရက်နေ့အထိ မြောက်ဦးမြို့နယ် ရုပ်ချောင်းကျေးရွာ၌လည်းကောင်း (၂၀-၈-၂၀၁၈) ရက်နေ့မှ (၂၁-၈-၂၀၁၈) ရက်နေ့အထိ မြောက်ဦးမြို့နယ်ချောင်းနားကျေးရွာ၌လည်းကောင်း ဖွင့်လှစ်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ စာသင်ကျောင်းကော်မတီဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ … Read more

  • ရေဝင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ (၂၂-၈-၂၀၁၈) ရက်နေ့တွင် တောင်ညိုချောင်း၏ ချောင်းဘောင် (၂၅) ပေခန့် ကျိုးပေါက်ခဲ့သဖြင့် တာပွန်မြို့ မြောက်ပိုင်း ရပ်ကွက်နှင့် အလယ်ပိုင်းရပ်ကွက်ရှိ ရေဝငင်ပြောင်းရွှေ့အိမ်ထောင်စု (၁၁၀) စုမှ လူဦးရေ (၃၅၅) ဦးအတွက် တစ်ဦး လျှင် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ(၂,၁၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၇၄၅,၅၀၀/-) ကျပ်တို့အား (၂၃-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

Sign Up

Upcoming Events