Author Archives: Hlaing ChoOo

  • သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ မှန်ပင်ကျေးရွာ၌ (၁၉-၈-၂၀၁၈) ရက်နေ့တွင် ဆိုလာ ဘက်ထရီအပူလွန်ကဲရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၆-၉-၂၀၁၈) ရက်နေ့တွင် ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျန်ရစ်သူမိသားစုဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးးမှူးရုံး(ဘစမ) #ha_fir #sgg_Sep2018

  • မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁)၊၂၀၁၈

    မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်(Depression)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ဒီဂါ (Digha)မြို့၏ အရှေ့- အရှေ့မြောက်ဘက် (၅၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။ (ခ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။ မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း (က) … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၁၈) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ အ.ထ.က (အင်ကုန်း) ကျောင်း၌ ကျောင်းသား/သူ (၃၅၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_sep2018

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မင်္ဂလာ ဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်၊ ပုညကုသလဓမ္မာရုံသို့သွားရောက်၍ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု စုစုပေါင်း (၁၀၀) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #ygn_sep2018

  • ဒုတိယဝန်ကြီးဦးစိုးအောင်အား ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးဟောင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း

    စက်တင်ဘာ ၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် အား ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဟောင်းဖြစ်သူH.E Mr. Masaharu NAKAGAWA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဒီမိုကရေစီထူထောင်ရေးကိစ္စရပ်များတွင် ဂျပန်အစိုးရက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များစီမံခန့်ခွဲမှု၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာကိစ္စရပ်များတွင် ဂျပန်အစိုးရက ကူညီပေးနေမှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လက်ရှိအခြေအနေ များ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပဋိပက္ခ ကင်းဝေးပြီးရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် မရမ်းကုန်း မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ သာသနာ့ဗိမ္မာန်တော်၌ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပြည်သူလူထု စုစုပေါင်း (၁၀၀) ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောခြင်းနှင့် အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar_eqk #ygn_Sep2018

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၀)၊ ရာဒါကောင်း(ဘီ)၊ အိမ်အမှတ်(၄/၄၃)၌ (၂- ၉- ၂၀၁၈) ရက်နေ့ (၁ရး၃၇) နာရီအချိန် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၉) ဦးတို့တွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀/-) ကျပ်၊ … Read more

Sign Up

Upcoming Events