ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအာရှ-ဥရောပ သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာညီလာခံသို့ တက်ရောက်ပြီး သက်ကြီးရွယ်အိုဆိုင်ရာ လူမှုရေးပင်စင်ဆောင်ရွက်မှု ရှင်းလင်းပြောကြားမှုသတင်း

စက်တင်ဘာ ၅၊ နေပြည်တော်
ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Four Seasons ဟိုတယ်တွင် စက်တင်ဘာလ (၅) ရက်နေ့မှ (၇) ရက်နေ့ထိ ကျင်းပပြုလုပ်သည့် အာရှ-ဥရောပနိုင်ငံများ သက်ကြီးရွယ်အိုအခွင့်အရေးညီလာခံ ပထမနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံဝန်ကြီး မစ္စတာ လီနက်ယွန်းနှင့် တက်ရောက်လာသော နိုင်ငံအသီးသီးမှ ဝန်ကြီးအဆင့်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ညစာစားပွဲတွင် အစည်းအဝေးတက်ရောက်လာသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်အကြီး အကဲများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်၊၊
ယင်းသို့ပြောကြားရာတွင် အာရှ-ဥရောပအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအလိုက် သက်ကြီး ရွယ်အိုများ၏ ကျန်းမာရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ခွဲခြားဆက်ဆံမှုပပျောက်ရေးစသည့် အခွင့်အရေး များကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် Madrid International Plan of Action မက်ဒရစ် နိုင်ငံတကာလုပ်ငန်းစဉ်ကို လက်ကိုင်ထားဆောင်ရွက်ကြလျက်ရှိသလို ယခုပေါ်ပေါက်လာသည့်ASEM Global Ageing Center အာရှ-ဥရောပကမ္ဘာလုံးဆိုင်ရာ သက်ကြီးရွယ်အိုဆိုင်ရာစင်တာအနေနှင့်လည်း ဦးဆောင်ဦးရွက်အခန်းကဏ္ဍမှ ပါဝင်လာမည်ဟုယုံကြပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့်လည်းမိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူများ အခြေခံလူ့ အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ပြည့်ဝစွာခံစားနိုင်ရေး မူဝါဒချမှတ်ပြီး လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ကို၂၀၁၇ခုနှစ်မှ စတင်ပြီးလစဉ် အသက် (၉၀) နှင့်အထက် (တစ်နိုင်ငံလုံးရှိ) သက်ကြီးရွယ်အို ၄၅၀၀၀ ကျော်ကိုထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လာမည့် အောက်တိုဘာမှ စတင်ပြီးအသက် (၈၅) နှစ်သို့ ပြောင်းလဲလျှော့ချထောက်ပံ့သွားမည်ဖြစ်ပြီး အထောက်အပံ့ရရှိမည့် သက်ကြီးရွယ်အိုအရေအတွက် (၁၅၀,၀၀၀) ကျော် ရှိလာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ရေး ပန်းတိုင်ပါအချက်များကိုအခြေခံပြီး မြန်မာစဉ်ဆက်မပြတ်ဖွံ့ဖြိုးအစီအစဉ် ၂၀၁၈-၂၀၃၀ ကိုချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
အစဉ်းအဝေးသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး သူရသက်ဦးမောင်လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#Korea_Sep2018

Sign Up

Upcoming Events