ဒုတိယဝန်ကြီးဦးစိုးအောင်အား ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးဟောင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း

စက်တင်ဘာ ၅၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် အား ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှင့် သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးဟောင်းဖြစ်သူH.E Mr. Masaharu NAKAGAWA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ကယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဒီမိုကရေစီထူထောင်ရေးကိစ္စရပ်များတွင် ဂျပန်အစိုးရက ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များစီမံခန့်ခွဲမှု၊ ပြန်လည်ထူထောင်ရေး ဆိုင်ရာကိစ္စရပ်များတွင် ဂျပန်အစိုးရက ကူညီပေးနေမှုများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လက်ရှိအခြေအနေ များ၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပဋိပက္ခ ကင်းဝေးပြီးရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် နိုင်ငံတော်အဆင့် ပြည်ထောင်စုစီမံကိန်း(UEHRD) ဖွဲ့စည်းဆောင်ရွက်မှုအခြေအနေများ၊ National Verification Card (NVC) ကတ်ပြားထုတ်ပေးခြင်းနှင့် ၎င်းကတ် ကိုင်ဆောင်ခြင်းဖြင့် ရရှိမည့်အခွင့်အရေးများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ညှိနှိုင်းဆောင်ရွက်မှုအခြေ အနေများ၊ IDP Camp များပိတ်သိမ်းမှုအခြေအနေများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူ များအတွက်လွတ်လပ်စွာသွားလာခွင့်၊ အသက်မွေးဝမ်းကျောင်းနှင့်ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ ရရှိစေရေးဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#npw_Sep2018

Sign Up

Upcoming Events