
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ၌ (၄-၉-၂၀၁၈) နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုရှိ လူဦးရေ (၄၁) ဦးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းတို့အတွက် (၁၈၅,၁၀၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁၀) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၀၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး ငွေ (၈၆,၁၀၀/-) ကျပ်၊ ဘုန်းကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁,၁၈၆,၁၀၀/-) ကျပ်တို့အား ( ၅-၉ -၂၀၁၈) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#ayy_sep2018