လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၀)၊ ရာဒါကောင်း(ဘီ)၊ အိမ်အမှတ်(၄/၄၃)၌ (၂- ၉- ၂၀၁၈) ရက်နေ့ (၁ရး၃၇) နာရီအချိန် ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၉) ဦးတို့တွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၈,၉၀၀/-) ကျပ်၊ စုစုပေါင်း (၂၁၈,၉၀၀/-) ကျပ်တို့အား (၅-၉-၂၀၁၈) ရက်နေ့ (၁၁း၂၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#kcn_Sep2018