Author Archives: Hlaing ChoOo
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများသိရှိစေရန်အတွက် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၊ ပြည်ထောင်စုလမ်း၊ မြို့တော်ခန်းမ ဘေးလက်ဝဲဘက်လမ်းဆုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗွီနိုင်း ဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_Oct2018
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာ၌ (၂၂-၉-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၂) ဦးအတွက် တစ်ဦးလျှင် (၃၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၆၀၀,၀၀၀/-) ကျပ်နှင့် ဆေးရုံတက် ဒဏ်ရာရသူ (၁) ဦးအတွက် ထောက်ပံ့ ငွေ (၅၀,၀၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၅၀,၀၀၀/-) ကျပ်တို့အား (၉-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ တညက်ကျေးရွာ၌ (၃-၁၀-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ် အား (၉-၁၀-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #tny_Oct2018
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ရင်ပြည်နယ်အတွင်း လူမှုကာကွယ်စောင့်ရှောက်ခြင်းနှင့် ပြန်လည် ထူထောင်ရေးရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးမှုသတင်း
အောက်တိုဘာ ၈၊ မြဝတီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ကရင်ပြည်နယ်အတွင်းလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအကောင်ထည်ဖော်ဆောင်ရွက်ခြင်း၊ဘားအံမြို့နှင့် မြဝတီမြို့များတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၊ ရပ်ရွာအခြေပြု ပြန်လည် ထူထောင်ခြင်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်ညှိနှိုင်းဆွေးနွေးခြင်းအစည်းအဝေးကို ကရင်ပြည် နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ကဦးတည်ဆောင်ရွက်လျက်ရှိသော တရားသောဥပဒေများစိုးမိုး အကောင်အထည်ဖော်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှ မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင် သောကဏ္ဍများကို ဆောင်ရွက်လျက်ရှိရာ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉/၂၀၁၈)နှင့် ကျောင်းအခြေပြု ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း ဟင်္သာတမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၉/၂၀၁၈)နှင့် ကျောင်းအခြေပြု ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုနည်းပြသင်တန်းသင်တန်းဖွင့်ပွဲအခမ်းအနားကို (၈-၁၀-၂၀၁၈) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန် တွင် ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲကို ကျောင်းအုပ်ကြီးကိုယ်စား ခရိုင်ဦးစီးမှူးဦးသန်းစိုးမှ အဖွင့်အမှာစကား ပြောကြားဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် အပါ အဝင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ၊ PLAN International Myanmar မှတာဝန်ရှိသူများနှင့် သင်တန်းသား/သူ (၉၁) ဦး စုစုပေါင်း (၁၂၀) … Read more
-
ဘိုကလေးမြို့၊ ပညာရေးကောလိပ်တွင် မူလတန်းအကြိုဆရာအတတ်သင် တန်းသား/သူ ဆရာ/မများအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ပညာရေးကော လိပ်တွင် မူလတန်းအကြိုဆရာအတတ်သင် သင်တန်းသား/သူ ဆရာ/မများအား သဘာဝဘေးအသိ ပညာပေး ဆွေးနွေးဟောပြောခြင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအကြောင်းဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာမှ ကျန်းမာရေး အကြောင်း သိကောင်းစရာများဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ကြက်ခြေနီ သူနာပြုတပ်ခွဲမှ ရှေးဦးပြုစုခြင်းများဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် မီးဘေးနှင့် ပတ်သက်သော ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများသိရှိစေရန်အတွက် ကျောက်ဖြူမြို့၊ ဦးဥတ္တမလမ်း၊ EPC ရုံးအနီးလမ်းထောင့်၌ မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဗီနိုင်းဆိုင်းဘုတ်အား သွား ရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_Oct2018
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ၊ ကျိုက်ပဒိုင်ကြီးကျေးရွာ ရွာလယ်ဘုန်းကြီးကျောင်းတွင် ပြည်သူလူထုအင်အား (၁၈၀) ခန့်ဖြင့် လည်းကောင်း၊ နေ့လည် (၁၂း၃၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ၊ တာဝရေတံခါးကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြည်သူလူထုအင်အား (၁၂၀) ခန့်ဖြင့်လည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများပေးအပ်ခြင်းနှင့် ခေါက်ဆွဲခြောက်ထုပ်ဝေငှပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၀-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူလူထုများသိရှိစေရန်အတွက် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့၊ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်း၊ လမ်းဘေး လက်ဝဲဘက်လမ်းဆုံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ ပေးဗီနိုင်းဆိုင်းဘုတ်အား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_Oct2018
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး တွေ့ဆုံဆွေးနွေးမှုသတင်း
အောက်တိုဘာ၊ ၄ရက်၊ နေပြည်တော် (၆၉) ကြိမ်မြောက် Executive Committee of the High Commissioner’s Programme (Ex-COM) တက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ UEHRD ဒုတိယဥက္ကဌ ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ ဒေသစံတော်ချိန် (၁၈း၃၀) အချိန်တွင် ကုလသမဂ္ဂရုံး၌ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. FillippoGrandi နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် UNHCR မှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ … Read more
