Author Archives: Hlaing ChoOo

  • Research and Development Center ဒသမအကြိမ်မြောက် စာတမ်းဖတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း

    နေပြည်တော်၊ အောက်တိုဘာ ၁၀ ဝန်ကြီးဌာန၏ Research and Development Center က ဦးဆောင်၍ မြန်မာနိုင်ငံတွင် မြေငလျင်၊ မြေပြိုမှု၊ ရေဘေးအန္တရာယ်ဆန်းစစ်လေ့လာချက်များနှင့်ပတ်သက်သည့် ဒသမအကြိမ်မြောက် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရေးဆွဲထားသောမူဝါဒများဖြစ်သည့် အခြေခံလူ့အခွင်‌့အရေး၊ ဒီမိုကရေ စီစံနှုန်းများနှင်‌့ညီညွတ်သော လူ့ဂုဏ်သိက္ခာအပြည်‌့အဝရရှိနိုင်မည်‌့ လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက် လာစေ ရန်အတွက် ဦးစီးဌာနအသီးသီးက ဆောင်ရွက်နေပါကြောင်း၊ ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ … Read more

  • မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ပြည်သူများ သဘာဝဘေးအသိပညာတိုးပွားစေရေးအတွက် ကျောက်ဖြူမြို့၊ ရုံးတက်လမ်းရှိ ခရစ်ယာန် (ကက်သလစ်) ကျောင်းရှေ့ တြိဂံမျက်ခင်းပြင်အနီး လမ်းဆုံနေရာ၌ မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးပိုစတာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_str #rbe_Oct2018

  • ရေဘေးအန္တရာယ်အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၁၀-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ပြည်သူများ သဘာဝ ဘေးအန္တရာယ်အသိပညာတိုးပွားစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ ဆေးရုံလမ်းနှင့် ရန်ကုန်ပြည်လမ်းဆုံနေရာ၌ ရေဘေးအန္တရာယ်အသိပညာပေးပိုစတာဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fld #bgo_Oct2018

  • မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာ အုပ်စု၊ သာစည်ကျေးရွာ၌ (၂၅-၉-၂၀၁၈) ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၂) လုံး အတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် သောင်ပြင်ကုန်းအုပ်စု၊ သောင်ပြင်ကုန်းကျေးရွာ၌ (၂၈-၉-၂၀၁၈) ရက် နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၉) လုံးအတွက် ထောက်ပံံ့ငွေ (၉၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀၀,ဝဝ၀/-) ကျပ်တို့အား (၁၀-၁၀-၂၀၁၈) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် … Read more

  • မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မအိုင်ကျေးရွာအုပ်စု၊ လင်မလိုကျေးရွာ၌ (၂၂-၉-၂၀၁၈) ရက်နေ့တွင် မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ် အား (၁၀-၁၀-၂၀၁၈) ရက်နေ့၊ (၁၁း၃၀) နာရီအချိန်တွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #tny_Oct2018

  • ရေကြည်မြို့နယ်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၀-၂၀၁၈) ရက်နေ့တွင် မြို့နယ် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်အတူ ရေကြည်မြို့နယ်ဦးစီးမှူးရုံးအား ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #otr #ayy_Oct2018

  • မိုးကြိုးထိမှန်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သာပေါင်း မြို့နယ်၊ ရွှေရောင်ချကျေးရွာအုပ်စု၊ ဘုံမဲဇာကျေးရွာတွင် (၆-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေး ကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၉-၁၀-၂၀၁၈) ရက်နေ့ (၁၅း၁၅) နာရီအချိန်တွင် ကျန်ရစ်သူမိသားစုဝင်ထံသို့ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ရှေ့မှောက်၌ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_tls #ayy_Oct2018

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်မြိုင်ကျေးရွာ၌ လူငယ်များ အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်းဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ်လှူဒါန်းမှု သတင်း

    အောက်တိုဘာလ၊၉ ကော့ကရိတ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင်ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြဝတီခရိုင်၊ စုကလိမြို့၊ ဆုံဆည်းမြိုင်ကျေးရွာ၌ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကွန်ပျူတာသင်တန်းဖွင့်လှစ်ရန် ကွန်ပျူတာအစုံ (၂၀) ပေးအပ် လှူဒါန်းပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညိုနှိုင်းခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသည်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလျက်ရှိပြီး တိုင်းရင်းသားအရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် တည်ငြိမ်းအေးချမ်းမှုမရှိသေးသော ဒေသများကျန်ရှိနေသေး ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရရှိပြီးဖြစ်သောဒေသတွင် တည်ငြိမ်းအေးချမ်းမှုကိုတည်တံ့အောင် ဆက်လက် … Read more

  • ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟသာၤတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ တာငုတ်ကျေးရွာနှင့် သက္ကယ်ပြင်အုပ်စု ၊ငှက်ပျောတောကျေးရွာတို့၌ (၂၇-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၂၁) လုံးအတွက် (၃၈၈,၇၁၀/-) ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေး ပစ္စည်း (၁၀) မျိုး (၂၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆၁,၇၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၂၆၁,၇၀၀/-) ကျပ်တို့အား (၉-၁၀-၂၀၁၈) ရက်နေ့ တွင် … Read more

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာ အုပ်စု၊ ဗလဘကျေးရွာ၌ (၂-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် မိုးကြိုးထိမှန် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃) သိန်းကျပ်တိတိကို (၉-၁၀-၂၀၁၈) ရက်နေ့တွင် အောက်ဆီဂျင်အခမဲ့ကူညီရေးနှင့် အာဟာရကုသိုလ်အဖွဲ့မှ ကိုကျော်သူသူနှင့် ဗလဘကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမြဆောင်တို့နှင့်အတူ သေဆုံး သူ၏ ဖခင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_tls #mgy_Oct2018

Sign Up

Upcoming Events