Research and Development Center ဒသမအကြိမ်မြောက် စာတမ်းဖတ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်မှုသတင်း

နေပြည်တော်၊ အောက်တိုဘာ ၁၀
ဝန်ကြီးဌာန၏ Research and Development Center က ဦးဆောင်၍ မြန်မာနိုင်ငံတွင် မြေငလျင်၊ မြေပြိုမှု၊ ရေဘေးအန္တရာယ်ဆန်းစစ်လေ့လာချက်များနှင့်ပတ်သက်သည့် ဒသမအကြိမ်မြောက် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ရေးဆွဲထားသောမူဝါဒများဖြစ်သည့် အခြေခံလူ့အခွင်‌့အရေး၊ ဒီမိုကရေ စီစံနှုန်းများနှင်‌့ညီညွတ်သော လူ့ဂုဏ်သိက္ခာအပြည်‌့အဝရရှိနိုင်မည်‌့ လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက် လာစေ ရန်အတွက် ဦးစီးဌာနအသီးသီးက ဆောင်ရွက်နေပါကြောင်း၊ ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင်‌့ ဘေးအန္တရာယ်များကိုကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှု အသိုက်အဝန်းဖြစ်ပေါ်စေရေးနှင်‌့ ဘေးဒဏ်ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည်‌့ လူနေမှုဘဝရရှိ စေရေးဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အထား အခြေပြု သုတေ သနရလဒ်များဖြင့် စီမံကိန်းများ၊ ရေတို/ရေရှည်စီမံချက်များရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရေးအတွက် သုတေသနလုပ်ငန်းဆောင်ရွက်ခြင်းနှင်‌့ ဖွံ့ဖြိုးတိုးတက်ရေးဌာန (Research and Development Center) ဖွင့်လှစ် ခဲ့ပြီး သုတေသနများ၊ စာတမ်းဖတ်ပွဲများပြုလုပ်လျက်ရှိပါကြောင်းနှင့် ကောင်းမွန်သည့်သုတေသနများ ရရှိရေး အတွက်လည်း Protocol and Ethical Board အဖွဲ့ကိုဖွဲ့စည်း၍ထိရောက်စွာဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဖတ်ကြားမည့် စာတမ်းများသည် မြန်မာနိုင်ငံ၌ အများဆုံးဖြစ်ပွားသောရေကြီးရေလျှံခြင်း၊ မြေပြိုကမ်းပြိုခြင်းနှင့် ထိခိုက်ဆုံးရှုံးမှုများနိုင်သည့် မမျှော်မှန်းနိုင်သောငလျင်ဘေးစသည်တို့နှင့် ပတ်သက်သောကြောင့် ပြည်သူများအတွက် လက်တွေ့ အသုံးကျမည်ဖြစ်ကြောင်း၊ ယနေ့ လူငယ်ကဏ္ဍတွင် သုတေသနယဉ်ကျေးမှုထွန်းကားရေး ‌ဆောင်ရွက် လျက်ရှိကြောင်း၊ သုတေသနရလာဒ်များကိုလည်း ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များရေးဆွဲရာတွင် လက်တွေ့အသုံး ပြုနိုင်မည်ဖြစ်ကြောင်း၊ စာတမ်းဖတ်ပွဲတွင် ဖတ်ကြားမည့်စာတမ်းရှင်များ ကိုလည်းကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
အစီအစဉ်အရစာတမ်းများဖတ်ကြားဆောင်ရွက်ကြရာရန်ကုန်တက္ကသိုလ်မှဒေါ်အိမှုံနံ့သာမျိုးက“ချောက်ငလျင်၏ ဘေးထွက်ဆိုးကျိုးများ”၊ ရန်ကုန်တက္ကသိုလ်မှ ဒေါ်လဲ့လဲ့မိုးက“တောင်ငူ-လွိုင်ကော်လမ်းမြေပြိုနိုင်မှုဖြစ်နိုင်ခြေ ဆန်းစစ်မှု”၊ ပုသိမ်တက္ကသိုလ်မှဦးကောင်းစည်သူက “စစ်ကိုင်းငလျင်ဆိုင်ရာ ပထဝီသုတေသန”၊ ပုသိမ် တက္ကသိုလ်မှ ဦးဟိန်းမင်းထက်က “သာပေါင်းမြို့နယ်၏ ရေကြီးမှုအန္တရာယ်ဆန်းစစ်မှု” စာတမ်းများအားအသီးသီး ဖတ်ကြားခဲ့ကြရာ တက် ရောက်လာကြသောဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက သိရှိလိုသည်များ ကိုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
npw_Oct2018

Sign Up

Upcoming Events