လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာ အုပ်စု၊ သာစည်ကျေးရွာ၌ (၂၅-၉-၂၀၁၈) ရက်နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၂) လုံး အတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် သောင်ပြင်ကုန်းအုပ်စု၊ သောင်ပြင်ကုန်းကျေးရွာ၌ (၂၈-၉-၂၀၁၈) ရက် နေ့တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၉) လုံးအတွက် ထောက်ပံံ့ငွေ (၉၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၀၀,ဝဝ၀/-) ကျပ်တို့အား (၁၀-၁၀-၂၀၁၈) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ရွှေတောင် မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဘေးသင့်ပြည်လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#bgo_Oct2018