Author Archives: Hlaing ChoOo

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကော့မှူးမြို့၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ စာသင်ဆောင်သစ် ဖွင့်ပွဲ တက်ရောက်မှုသတင်း

    နိုဝင်ဘာ၊၆၊ ကော့မှူး ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် New Humanity Myanmar က လှူဒါန်းသည့် စာသင်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်မှစ၍ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်များအတွက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေအသစ်ကို ဖေါ်ဆောင်လျက်ရှိပြီး လူငယ်များအတွက်လည်း လူငယ်ရေးရာမူဝါဒကိုအစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းတွင် ထည့်သွင်း အကောင်အထည်ဖေါ်ခဲ့ရာလူငယ်များ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) အချိန်မှ (၁၅း၁၅) နာရီအချိန် ထိ ဇေယျာသီရိမြို့နယ်၊ အ.ထ.က (၁၆) စာသင်ကျောင်းတွင် ကျောင်းသား/သူ (၄၀၀) ဦးတို့အား သဘာဝဘေးအသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဘောပင်များပေးအပ်ခြင်းနှင့် စာသင် ကျောင်းအတွက် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြေ#ar #npw_Nov2018

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) အချိန်မှ (၁၄း၀၀) နာရီအချိန်ထိ မော်လမြိုင်မြို့၊ ကျိုက်ဖနဲ ရပ်ကွက်၊ ဝတ်ကြီးဓမ္မာရုံ၌ လူဦးရေ (၁၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_Nov2018

  • လေဘေးသင့်နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့ နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဘုတ်ချောင်းကျေးရွာအုပ်စု၊ မဲဇလီကျေးရွာ၌ (၂၇-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ ဖိုး ငွေ (၁၄,၇၀၀/-) ကျပ်တို့အား (၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် … Read more

  • မီးဘေးသင့်နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်နေစဉ်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့ နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်၊ အောင်ဆန်းလမ်း၌ (၂-၁၁-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်တို့အား (၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၄၀) နာရီအချိန်တွင် … Read more

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၁၈) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ဝန်တင်ကျေးရွာအုပ်စု၊ ဝန်တင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ငလျင်ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၉၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ငလျင်ဘေးနှင့်ပတ်သက်၍ အသိပညာပေးဗီဒီယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_Nov2018

  • မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၁၈) ရက်နေ့တွင် မြောင်းမြမြို့နယ်၊ ရန်ကုန်-လပွတ္တာ အဝေးပြေးလမ်းမ၊ မီတာ (၄၀၀) ကားဝန်းအနီးတွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_Nov2018

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ပြင်သစ်သံအမတ်ကြီး လာရောက်တွေ့ဆုံမှုသတင်း

    နိုဝင်ဘာ ၅၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာ နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး H. E. Mr. Christian Lechervy က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်နေသော လူမှု ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်းဆိုင်ရာဝန်ဆောင်မှုကိစ္စရပ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကိစ္စရပ်များ၊ ပြန်လည်ထူထောင် ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမူဝါဒများ၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ကူညီပံ့ပိုးပေးနိုင်မည့်အခြေအနေများ၊ ပညာရေး၊ … Read more

  • မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်၌ (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေး ကြောင့် ဘေးသင့်ခဲ့သော လုံးဝပျက်စီးအိမ်ထောင်စု (၂) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၅၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ လူဦးရေ (၃၉) ဦးအတွက် … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဗန်းမော် ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာ၌ (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် မိုင်းထိ ဒဏ်ရာရသူ (၁) ဦးနှင့် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ သင်္ဘောအင်းကျေးရွာတို့၌ (၂၉-၁၀-၂၀၁၈) ရက်နေ့တွင် မိုင်းထိ ဒဏ်ရာ ရသူ (၃) ဦး စုစုပေါင်း (၄) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်အား (၅-၁၁-၂၀၁၈) ရက်နေ့၊ (၁၁:၀၀) … Read more

Sign Up

Upcoming Events