ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကော့မှူးမြို့၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ စာသင်ဆောင်သစ် ဖွင့်ပွဲ တက်ရောက်မှုသတင်း

7 Pic 01 7 Pic 02နိုဝင်ဘာ၊၆၊ ကော့မှူး
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် New Humanity Myanmar က လှူဒါန်းသည့် စာသင်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၌ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများအတွက် ရှေးဦးအရွယ်ကလေးသူငယ်မှစ၍ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ်များအတွက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေအသစ်ကို ဖေါ်ဆောင်လျက်ရှိပြီး လူငယ်များအတွက်လည်း လူငယ်ရေးရာမူဝါဒကိုအစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းတွင် ထည့်သွင်း အကောင်အထည်ဖေါ်ခဲ့ရာလူငယ်များ၏ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အစီအစဉ်များ ရေးဆွဲ၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်အတွက် တာဝန်ယူရမည့်သူများဖြစ်ကြောင်း၊ ဤလူငယ်သင်တန်းကျောင်းရှိလူငယ်များသည် ဘဝတွင် ဦးတည်ချက်ကင်းမဲ့မှုများ၊ လမ်းလွဲမှုနှင့်အမှားများ၊ အခက်အခဲများရင်ဆိုင် တွေ့ကြုံခဲ့ကြသူများဖြစ်ရာ အနာဂတ်ကာလတွင် မှန်ကန်သောရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် လေ့ကျင့်သင်ကြားပေးလျက် ရှိကြောင်း၊ အစိုးရအနေဖြင့် လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ကြိုးပမ်းလျက်ရှိရာ New Humanity Myanmar က ယနေ့ စာသင်ဆောင်သစ်လှူဒါန်းမှုသည် အစိုးရ၏ကြိုးပမ်းမှုကိုအားဖြည့် ပူးပေါင်းကူညီခြင်းဖြစ်၍ အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနကတိုးချဲ့ဖွဲ့စည်းထားသည့် ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းများတွင်လည်း လက်ဆက်ပူးပေါင်းပါဝင်နိုင်ရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာအီတလီသံအမတ်ကြီးMrs.Alessandra Schiavo နှင့် New Humanity Myanmar မှဌာနေကိုယ်စားလှယ် Mr. Maggi Livioတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား အသီးသီးပြောကြားကြပြီး ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ဆက်လက်၍ ကလေးငယ်များ၏ ရိုးရာဒိုးပတ်ဝိုင်းဖြင့်ဖျော်ဖြေမှုနှင့် ကျောင်းဆောင်သစ်အတွင်း စာသင်ခန်း များပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုအားပေးခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Mrs.Alessandra Schiavo ၊ New Humanity Myanmar မှဌာနေကိုယ်စားလှယ် Mr. Maggi Livio၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သင်တန်းဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
#hl1
#ygn_Nov2018

Sign Up

Upcoming Events